Unicode
နောက်တစ်နေ့ မေမေပြောတယ့် နေရာကိုသွားတော့။ ဟော တွေ့ပါပြီး ကိုယ်တော်ချောလေး စာအုပ်ဖတ်နေတာ။အပြင်မှာပိုတောင်ချောသေးတယ်။ရင်တွေခုန်လိုက်တာပြောမနေနဲ့။အိမ်သာသွားမလိုလိုနဲ့ သူ့ဖုန်းကိုခိုးယူထားလိုက်တယ်။သူကတော့ မသိရှာဘူး။Coffee ဖိုးရှင်းပြီး ဆိုင်ထဲကထွက်သွားတော့မှ မေမေပြောသလို ဖုန်းကျန်ခဲ့သလိုမျိုး နောက်ကနေလိုက် ပေးပြီး ရင်းနှီးမှုယူဖို့ကြိုးစားခဲ့တယ်။သူက ရိုးသားလိုက်တာမှ သူ့ဖုန်းတကယ်ကျန်ခဲ့တယ်ထင်ပြီး ကျေးဇူးတွေလွှတ်တင်ပြီး ကျေးဇူးဆပ်တယ့်အနေနဲ့ မုန့်လိုက်စားဖို့ပြောခဲ့တယ်။ကျွန်တော်ကလည်း ဖုန်းနံပါတ်နဲ့ Facebook acc ပဲတောင်းပြီး နောက်ရက်မှစားဖို့ပြောခဲ့တယ်။ဒီလိုလိုင်းပေါ်မှာ စကားဘာညာပြောရင်း ရင်းနှီးသွားခဲ့တယ်။သူ့နာမည်လေးက Harry တယ့်။
နောက်တနေ့ရောက်တော့ သူချိန်းထားတယ့်နေရာကိုသွားခဲ့တယ်။စတွေ့တယ့် coffeeဆိုင်လေးပဲပေါ့။
"ညီ စောင့်နေရတာကြာသွားလား။အကို ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့"
Harry ဆိုတာ အဲ့လိုလူမျိုးပါ အရမ်းရိုးသားပြီး အူတူတူ အတတနဲ့ တခြားသူသာလိမ်ရင် ချက်ချင်းအလိမ်ခံရမယ့်လူမျိုး။မေ့တတ်လိုက်တာလည်းလွန်ရော။
"သိပ်မကြာသေးပါဘူး အကိုရယ်။ညီလည်း ခုနကမှရောက်တာ"
"အကိုက ညီစောင့်နေရမှာစိုးလို့ အမြန်လာတာပဲ လမ်းမှာ အဘွားတစ်ယောက်ကို လမ်းကူ ကူးပေးနေလို့"
"ဟုတ်ရပါတယ်။အကို့ အတွက် အမေရိကာနို မှာထားတယ်"
"အမယ်ညီက အကို့အကြိုက်တွေတောင်သိနေပြီပဲ။ကျေးဇူးပဲနော် ညီ"
"ရပါတယ်အကိုကလည်း အဟီး"
"ညီက ရယ်လိုက်ရင်အရမ်းချစ်ဖို့ကောင်းတာပဲ"
"ဟုတ်လား။အကိုလည်း ရယ်လိုက်ရင် အရမ်းခန့်တာပဲ"
"ဒီတခါ အကိုရှင်းမှာဗျာ သောက်သောက်"
"အဟီး ဟုတ်"
အဲ့နေ့က စကားတွေပြော လျှောက်လည်ပြီး အရင်ကထက်ပိုရင်းနှီးသွားခဲ့တယ်။အကို့နားမှာရှိရင်ပျော်တယ် လုံခြုံတယ်လို့ ခံစားရတယ်။အမြဲအနားမှာရှိနေစေချင်တယ်။အမေ့ကြောင့်ချဉ်းကပ်ရတာမလို့ ချစ်တယ်ဆိုတယ့် စကားကိုအခွင့်အရေးယူပြီး အရင်မပြောချင်ဘူး အကိုရယ်။
YOU ARE READING
My Brother Or Husband🔞(U+Z)(Complete)
Romanceဇာတ်လမ်းအကျဉ်းလေးကတော့ မွေးစားခံထားရတယ့် ညီလေးကို အကိုဖြစ်သူက စားမှာပါ မွေးပြီးစားတာပေါ့
