Part 23⚠️

12.2K 284 13
                                        

Unicode

Fin ရော Kiritoရော ဆေးရုံကဆင်းတာ ၁လတောင်ရှိပြီ။Fin ကတော့ တော်တော် သက်သာပြီး ကိုယ်‌၀န်တောင် နှစ်လ‌ခွဲရှိနေပါပြီ။Kiriro ကတော့ ဗိုက်ထိထားတာမလို့ အခုထိတော့ အစားရှောင်ရတုန်းပါ။နာတာကျင်တာမရှိပေမယ့်လည်း သူ့ရဲ့ချစ် Daddy ကအစာကြေမလွယ်တယ့် အစားအစာတွေခုထိမစားခိုင်းသေးပါဘူး။

"Daddy ရယ် Baby က Hot pot ကိုလေ........."

"မစားရပါဘူး"

"ဟွင့်😒"

"ဘာတုန်း Baby က Hot pot စားရင် တားလို့ရလို့လား။ဆက်မစားနဲ့တော့ အစာမကြေဖြစ်မယ်တော်တော့လို့ပြောရင် တန်းရပ်မှာမလို့လား"

"အဲ့တာက....."

"အဲ့တာကတွေ ဘာတွေလုပ်မနေနဲ့ နောက်တပတ်ဆေးပြန်ပြရမှာ အဲ့ကျ ဆရာ၀န်က စားလို့ရပြီဆိုတာနဲ့ တန်းလိုက်ကျွေးမယ်"

"တကယ်နော်"

"တကယ်တကယ်။ဒါပေမယ့် အခုတော့ ဆန်ပြုတ်လေးသောက်လိုက်ဦး။ပါးစပ်ဟ"

"တလလုံးဒါကြီးပဲစားနေရတာ။ဆရာ၀န်က ပေါင်မုန့်ထောပတ်သုတ်စားလို့ရပြီလို့ပြောတယ်လေ"

"ဟုတ်ပါပြီဗျာ ဒါကုန်ရင် ကျွေးမယ်"

"ပြီးရော"

Fin ကတော့ အချဉ်အစပ်တွေသိပ်စားချင်တာ။အချဉ်တော့ကျွေးပေမယ့် အစပ်တော့လျှော့ကျွေးရတယ်။ကလေးအတွက်မကောင်းလို့လေ။ကိုယ်၀န်ရှိပြီးခါမှ ကိုယ့်အနားကကိုမခွာဘဲချွဲနေတော့တာ။ကျွန်တော့်မှာ မနက်စာပြင်လည်း ဒီဗိုက်ကြီးသည်ကို ချီပြီး ပြင်ရတယ်။TV ကြည့်လည်း ဒီဗိုက်ကြီးသည်ကို ပေါင်ပေါ်တင်ထားရတယ်။အိပ်ရင်လည်း ဒီဗိုက်ကြီးသည်ကို လက်တွေကျင်တယ့် အထိခေါင်းအုံးလုပ်ပေးရ‌သေးတယ်။အဲ့လိုနဲ့ ပိန်ပိန်သေးသေးဖွေးဖွေးလေး Fin ကနေ ၀၀ ပုပု လုံးလုံးလေး Finဖြစ်လာပါတယ်။Finနေမကောင်းဖြစ်နေတာမလို့ အကိုDennis က အလုပ်ကိုအနားပေးလိုက်ပြီး အတွင်းရေးမှူးအသစ်ရှာလိုက်ပါတယ်။Harry ကလည်း အလုပ်ထွက်ပြီးသူ့မိဘတွေပေးတယ့် ကုမ္ပဏီကို ဦးစီးလုပ်ကိုင်နေပါတယ်။

လွန်ခဲ့တယ့် တစ်ပတ်က Harry မိဘတွေက ပြန်လာဖို့ပြောတယ်။Kirito ကလည်း သိပ်နေမကောင်းသေးတော့ စိတ်မချဖြစ်နေတယ်။အဲ့တော့ခေါ်သွားပြီး တခါတည်း မိတ်ဆက်ပေးလိုက်မယ်။သဘောမတူလည်း မိဘတွေကို လွန်ဆန်လိုက်မယ်ဆိုပြီးသွားတာ။သူတို့ထင်သလိုမဟုတ်ဘဲ သဘောတူတယ့် အပြင်သူတို့သားနဲ့သားရဲ့ခင်ပွန်းလောင်း အတွက် သူတို့ ပိုင်တယ့် ကုမ္ပဏီတခုကိုတောင်ဦးစီးဖို့လက်ဆောင်ပေးလိုက်သေးတယ်။အခုဆို‌ရင် ကျွန်တော်ရယ် Harryရယ် အကို Dennis ရယ် သုံးယောက် အလုပ်အတူတူတွဲလုပ်နေကြပါတယ်။

My Brother Or Husband🔞(U+Z)(Complete)Donde viven las historias. Descúbrelo ahora