(Unicode)
မနက်ရောက်တော့ Fin ရဲ့ ပထမဆုံးအလုပ်လုပ်ရမယ့်ရက်မှာ နောက်မကျစေချင်လို့ တခါတည်းနှိုးလိုက်တယ်။အစောကြီးနိုးလို့တယ့် ဆူပုပ်နေလေရဲ့🤣။
"ဘွဲ့ယူပြီးနားတောင်မနားရသေးဝူး အလုပ်ကသွားရတော့မယ်😭"
"Fin ရယ် ဒီနေ့က အလုပ်အရင်သင်မှာပါ သိပ်မကြာဘူး ခဏလေးဘဲ။ပြီးရင် ကိုကိုတို့ တစ်နေရာရာသွားကြမယ်လေနော် အခုထတော့ အောက်မှာ Harry က မနက်စာပြင်နေပြီ"
"သိတယ် ထမှာ ၅မိနစ်ပြန်အိပ်ပြီးရင်ထမယ်"
"ကဲ အခုထပါဆို ရေချိုးခန်းထဲထိ ခေါ်ပြီးရေချိုးပေးရဦးမှာလား"
"ရတယ် ကိုယ့်ဘာသာလုပ်မယ်။ ကိုကိုသာ လုပ်စရာရှိတာလုပ်ပြီးအောက်ဆင်းတော့"
"အခုတော့ ကိုကို့ ကိုနှင်ထုတ်ပြီပေါ့နော်😢 မနေ့ညကတော့...... "
"အား ပါးစပ်ပိတ် မနေ့ညက အကြောင်းပြန်မပြောနဲ့ ထပြီ ထပြီ အခုထမယ်"
"အမယ်လေး ဖြည်းဖြည်း ညကအကြောင်း ပြောတာနဲ့ တန်းထပြေးတော့တာပဲ🤣"
"ကိုကိုက လူယုတ်မာကြီး😒"
..................................................
မနေ့ညက ကျွန်တော် Jimmy ကိုနမ်းလိုက်တည်းက တစ်ညလုံး သူကျွန်တော့် ဖုန်းကိုလည်း မကိုင်တော့ဘူး message တွေလည်းမဖတ်ဘူး။ကုမ္ပဏီသွားတော့လည်း အလုပ်ကိုခွင့်ယူထားတယ်တယ့် သူကျွန်တော့်ကို မမုန်းပါစေနဲ့လို့ ဆုတောင်းပါတယ်။
ဒီနေ့က Falin အလုပ်စ၀င်မယ့်နေ့ဆိုတော့ သူ့ကိုပဲမေးရတော့မယ်။သူတို့က ငယ်ငယ်တည်းက ရင်းနှီးတာဆိုတော့ သူဘယ်မှာနေလဲသိမှာပဲ။
"မဂ်လာပါ သူဌေး"
"မဂ်လာပါ Falin ထပ်တွေ့ပြန်ပြီနော်"
"ဟုတ်.... ဟုတ်"
"ဒီနေ့ ကိုယ်က မင်းကို မင်းလုပ်ရမယ့် စာရင်းတွေနဲ့ ကိုယ့်ရဲ့တနေ့တာ အချိန်ဇယားတွေကို ဘယ်လိုစီစဉ်ရမလဲ ဆိုတာပြောပြပေးမယ်နော် မသိတာရှိရင် မင်းအကို ....အယ်.... မင်းချစ်သူကို မေးလိုက်နော်"
"အာ အယ် ဟုတ် သူဌေး"
"ဒါက bla bla bla........"
Falin ကို အလုပ်အကြောင်းရှင်းပြရင်းနဲ့ နေ့လည်စာစားချိန်ရောက်လာတယ်။
YOU ARE READING
My Brother Or Husband🔞(U+Z)(Complete)
Romanceဇာတ်လမ်းအကျဉ်းလေးကတော့ မွေးစားခံထားရတယ့် ညီလေးကို အကိုဖြစ်သူက စားမှာပါ မွေးပြီးစားတာပေါ့
