Part 18

6.8K 249 16
                                        

Unicode

စာအုပ်ကတော့ အန်တီ Mollyရဲ့ Noteစာအုပ်ပါ။စာအုပ်လေးတစ်အုပ်က ကျွန်တော့် ဘ၀ တခုလုံးကို ပြောင်းပြန်လှန်ပစ်လိမ့်မယ်လို့ ဘယ်သူကထင်ထားပါ့မလဲ။

လွန်ခဲ့သော 25နှစ်ခန့်က.........

Dailly ကုမ္ပဏီရဲ့ CEO မှာ Daisy နဲ့ Molly ဆိုတယ့် သမီးနှစ်ယောက်ရှိတယ်။အကြီးမက Daisyဖြစ်ပြီး အငယ်မ‌ကတော့ Molly တယ့်။နှစ်ယောက်စလုံးက ငယ်ငယ်တည်းကအင်မတန်ကို စိတ်ထားဖြူပြီး တယောက်ကိုတယောက် သိပ်ချစ်ကြတယ်။မိဘတွေကသူတို့နှစ်ယောက်ကိုဂရုစိုက်မပေးနိုင်တော့ သူတို့နှစ်ယောက်ကတယောက်ကိုတယောက်အားကိုးပြီးနေလာကြတယ်။
သူ့အမကတော့ အရင်အိမ်ထောင်ကျပြီး ကလေးတောင်မွေးပြီးပြီလေ။ကလေးနာမည်က Falcao တယ့်။တနေ့မှာတော့ ကလေး‌ထိန်းနေတယ့် သူအမကို Molly က သူ့မှာချစ်သူရှိနေတယ့်အကြောင်းကိုလာပြောတယ်။

" မမ မမကိုပြောစရာရှိလို့"

"အင်းပြောလေ Molly"

"ဟို ဟိုလေ ညီမလေးမှာ ချစ်သူရှိနေပြီ "

"ဒါ၀မ်းသာစရာပဲ ညီမလေးရဲ့ ညီမလေးတို့တွဲတာ ဘယ်လောက်ကြာပြီလဲ "

"ဟို ခြောက်လလောက်ရှိပြီ မမ"

"ဟုတ်ပါပြီ ဒါနဲ့ သူ့နာမည်က"

"Adrian ပါ"

"ဘာ!!!!!!"

"ဘာ ဘာ ဘာဖြစ်လို့လဲ မမ "

"နင် အခုချက်ချင်း သူနဲ့ဖြတ်လိုက်စမ်း Molly ။နင်အငယ်အနှောင်းမဖြစ်ချင်ရင် သူနဲ့ဖြတ်လိုက်"

"ဟင် ဘာဖြစ်လို့လဲ အရင်ပြောဦးလေ မမ"

"Adrian ဆိုတာ ငါ့အချစ်ဆုံးသူငယ်ချင်းနဲ့ လက်ထပ်မယ့် သူပဲ"

"ဟို နာမည်တူတာပဲဖြစ်မှာပါ မမရဲ့ သူ သူပြောတာ သူက လူလွတ်တယ့်"

"နင် လျှာမရှည်နဲ့ ဖြတ်ဆိုဖြတ်လိုက်"

"မမ"

"နင်သူနဲ့ မဖြတ်ရင် ငါ့ကို မမလို့ထပ်မခေါ်နဲ့"
_________________________________

"မောင် မောင့်မှာ လက်ထပ်ရမယ့် သူရှိတယ်‌ဆို"

"ဘယ် ဘယ်လိုသိတာလဲ"

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now