(Unicode)
ကျွန်တော့် နာမည်က Falin ပါ သူငယ်ချင်းတွေကတော့ချစ်စနိုးနဲ့ Fin လို့ခေါ်ကြတယ်ကျွန်တော်က တက္ကသိုလ် ကျောင်းသားတစ်ယောက် ပြီးရင် ကျွန်တော်မှာအကိုတစ်ယောက် ရှိပါတယ်။ကျွန်တော့်အကိုနာမည်က Falco ပါ။ကျွန်တော်တို့က ညီအကိုအရင်းမဟုတ်ပေမယ့် ကိုကိုက ကျွန်တော့်ကိုအရမ်းချစ်ပါတယ်။
ကျွန်တော့်မိဘတွေနဲ့ကိုကို့ မိဘတွေက အခင်ဆုံးသူငယ်ချင်းတွေပါ ကျွန်တော့်မိဘတွေဆုံးသွားတော့ ကိုကို့မိဘတွေက ကျွန်တော့်ကိုမွေးစားခဲ့ကြတယ်။ဒါပေမယ့်အခုတော့ ကိုကို့ မိဘတွေလည်း အက်ဆီးဒင့်ဖြစ်ပြီးဆုံးသွားကြပါပြီ။ကျွန်တော့်ကို ကိုကိုကပဲပြုစုစောင့်ရှောက်ခဲ့တာပါ။အခုကျွန်တော့်အသက်နှစ်ဆယ်ရှိပြီ ဒါပေမယ့် ကျွန်တော့်မှာကောင်မလေးမရှိဘူး ဘာလို့လဲဆိုတော့ ကျွန်တော်က Gay တစ်ယောက်ပါ။
"ကိုကိုရေ ကျွန်တော်ကျောင်းသွားတော့မယ် "
"မနက်စာမစားတော့ဘူးလား Fin"
"ဟုတ်ကျောင်းမှာပဲသူငယ်ချင်းတွေနဲ့စားတော့မယ်"
ကိုကိုက Fin လက်ကိုဆွဲလိုက်ပြီး
"ကိုကိုမနက်ကတည်းက Fin စားဖို့ လုပ်ပေးထားတာလေ Fin မစားရင် အလကားဖြစ်ကုန်မှာပေါ့ ကိုကိုနဲ့ အတူတူမစားချင်လို့လား"
"မဟုတ်ပါဘူးကိုကိုရယ် Fin စားပါ့မယ် ကိုကို စိတ်မကောင်းမဖြစ်နဲ့နော်"
"အင်း Fin နောက်လည်း ကိုကိုနဲ့ပဲ တူတူစားသွားနော်"
"ဟုတ် "
မနက်စာစားပြီးကျွန်တော်ကျောင်းကိုသွားခဲ့တယ်။ကျောင်းဆင်းလို့ သူငယ်ချင်းတွေနဲ့ အတူတူမပြန်တော့ဘဲ ကိုကို စောင့်နေမှာစိုးလို့ အိမ်ကို တစ်ယောက်တည်း စောပြန်လာခဲ့တယ်။
"ဟင် ကိုကိုအိမ်မှာလည်းမရှိပါလား ပြန်မရောက်သေးဘူးနဲ့တူတယ်"
ညစာကိုခေါက်ဆွဲပြုတ်စားပြီး ကိုကို့ ကိုစောင့်နေခဲ့တယ်။
"နောက်တောင်ကျ နေပြီ ကိုကို ကလည်း ဖုန်းဆက်တာလည်းမကိုင်ဘူး အိပ်ချင်နေပါပြီဆို အိပ်တော့မယ်လို့ မက်ဆေ့ခ်ျပဲလှမ်းပို့ လိုက်တော့မယ်"
VOUS LISEZ
My Brother Or Husband🔞(U+Z)(Complete)
Roman d'amourဇာတ်လမ်းအကျဉ်းလေးကတော့ မွေးစားခံထားရတယ့် ညီလေးကို အကိုဖြစ်သူက စားမှာပါ မွေးပြီးစားတာပေါ့
