Part 8 🔞🔞

28.9K 466 45
                                        

(Unicode)

ညနေဘက်မှာ Fin ရဲ့ သူငယ်ချင်းတွေက ဘွဲ့ယူပြီး‌တယ့် အထိမ်းအမှတ်နဲ့ Bar မှာသောက်ကြတယ်။ကျွန်တော်ကတော့ Fin နဲ့ Harry နဲ့ကိုလိုက်ပို့ရင်း ကျွန်တော့်ကို ဆွဲထားလို့ ၀င်ထိုင်နေရတယ်။
ကားမောင်းရမှာမလို့ အရက်မသောက်ဘဲ အအေးပဲ ‌သောက်နေရတယ်ဗျာ။ဒီပွဲကတော့ ကျွန်တော့်ကို စိတ်ပျက်စေတာ အမှန်ပဲ။
ဘာလို့လဲဆိုတော့ Fin က သူ့ သူငယ်ချင်းတွေရှေ့မှာ အထင်မလွဲစေချင်လို့ ကျွန်တော့်ကို သူ့အကိုလို့ပဲပြောထားတယ်တယ့်။

"Fin ရေ ‌ဒီက ကိုလူချောလေးက နင့်အကိုပေါ့နော်"

"ဟုတ် ဟုတ်တယ်လေ"

"အကို ညီမနာမည်က Grace ပါ။တွေ့ရတာ ၀မ်းသာပါတယ်နော်။ အကိုက အရမ်းချော အရမ်းခန့်တာပဲ"

"ဟုတ် ကျေးဇူးပါ"

"အကိုက Single ပဲလား"

"ဟုတ်"

"ညီမ‌လည်း Single ပဲ အကို့မှာ ရည်းစားမရှိဘူးဆိုရင် ညီမနဲ့တွဲကြည့်ပါလား ညီမက ချစ်ဖို့ကောင်းပါတယ်။ အကိုသာ ညီမနဲ့ တွဲရင် အကို့ ကို မျက်နှာ အညှိုးမခံဘဲနဲ့ကို ထားမှာ ဟီးဟီး"

အကြောင်းသိနေတယ့် Harry ကတော့ ၀င်ဖြန်ဖြေလိုက်ပါတယ်။

"နင်ကလည်း လူကြီးကို ကြည့် စ ဟဲ့။လေးစားမှုလေးတော့ ရှိပါဦး။မူးနေရင်လည်း အိမ်ပြန်လိုက်တော့။Jony ရေ သူ့ကိုလိုက်ပို့ လိုက်ပါဦး သူမူးနေပြီ"

"Ok ငါပို့လိုက်မယ် စိတ်ချ။ လာ လာ Grace သွားမယ်"

"ကိုလူချောလေး စဉ်းစားပြီးရင် ပြန်ပြောနော် အာဘွား bye bye"

ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ခေါင်းကုတ်နေလိုက်တယ်။တစ်ဖက်မှာတော့ ကျွန်တော့်ကို မျက်စောင်းထိုးကြည့်ကာ တစ်ခွက်ပြီး တစ်ခွက် သောက်နေတယ့် ကျွန်တော့် အချစ်ကလေး Fin။
(ငါ့နဲ့ညီအကိုလို့ ပြောတာကို ခံပေါ့😏)

အိမ်ပြန်ရောက်တော့.....

"Fin ရောက်တော့မယ် သေချာလျှောက်ပါဦး အားတင်းပြီးလျှောက်"

အခန်းထဲရောက်တော့ ကျွန်တော့် ဒေါသတကြီးနဲ့ စိုက်ကြည့်နေပြီး‌‌တော့.....

My Brother Or Husband🔞(U+Z)(Complete)Onde histórias criam vida. Descubra agora