Unicode
Falin ကလေးမွေးပြီးနောက်မှာ ကျွန်တော်အားလုံးလုပ်သမျှအောင်မြင်ပြီး ပျော်ရွှင်မှုတွေပဲရခဲ့တယ်။ကလေးတွေကျွန်တော်တို့အတွက်လာဘ်ကောင်လေးတွေပေါ့။အတိုက်ဆိုင်ဆုံးတခုက ကလေးတွေလူ့လောကထဲရောက်လာတယ့်အချိန်မှာ အစ်ကို Dennis ရဲ့ခက်ခဲနေတယ့် ပြဿနာကပြေလည်သွားတာပါ။
ပြဿနာကဘာလဲဆိုတော့ အကို Dennis ရဲ့ Company တခုက ရှယ်ယာတွေထိုးကျပြီး ပိတ်ရတော့မလို့ဖြစ်နေတယ့်အချိန်မှာ CHY company ရဲ့ရှယ်ယာကိုလိုအပ်တယ်။ဒါပေမယ့် အဲ့ပိုင်ရှင်က အကို Dennis မူးနေတုန်းက လာမြှူဆွယ်ပေမယ့် အငြင်းခံလိုက်ရတယ့် Cherry ဆိုတယ့် အမျိုးသမီးဖြစ်နေတယ်။အဲ့အမျိုးသမီးက သူ့ကိုလက်ထပ်မှရှယ်ယာထည့်မယ်ချည်းစွတ်ပြောနေလို့ အကို Dennis က သူ့မှာ လက်ထပ်ထားတယ့် သူရှိပြီဖြစ်ကြောင်းပြောနေပေမယ့် ဘယ်လိုမှမရခဲ့ဘူး။အဲ့လိုပြဿနာဖြစ်နေတယ့်အချိန် Jimmy က အကို Dennisတို့ဆီအလာ ဒီဘက်မှာက ကလေးမွေးပြီးပြီမလို့ Kiritoက Jimmy ဆီဖုန်းလှမ်းဆက်တော့ Jimmy တစ်ယောက်ပျော်ပြီး အကို Dennis အပေါ်ကို ပြေးတက်ထိုင်ပြီးပြောပြလိုက်တယ်။အဲ့တာကိုမြင်သွား Cherry တစ်ယောက်ကတော့ နှာခေါင်းသွေးတွေလျှံနေလေရဲ့။ကလေးတွေကြောင့်ကံကောင်းတယ်ပဲပြောရမလား တိုက်ဆိုင်တယ်ပဲပြောရမလား Cherry တစ်ယောက်က Fujoshi ဖြစ်နေတယ့်အတွက် သူတို့နှစ်ယောက်ကိုသဘောတူရုံတင်မကဘဲ ရှိသမျှ ရှယ်ယာတွေအကုန်လုံး အကို Dennis company ကို၀င်လိုက်တယ်။ဒါကတော့ ကလေးတွေကြောင့် အကို Dennis နဲ့ Jimmy ရဲ့ပျော်ရွှင်မှုလေးပါ။နောက်ရက်ကျ အကို Dennis ရော Jimmyရော Cherry ပါ ကလေးတွေကိုလာကြည့်ကြတယ်လေ။
အကြီးဆုံးက ယောင်္ကျားလေးပါ။အလတ်ကတော့ သမီးလေးပေါ့။အငယ်ဆုံးကလည်း ယောင်္ကျားလေးပါပဲ။အငယ်ဆုံးလေးက အကြီးနှစ်ယောက်အောက်မှာနေရတာဆိုတော့ နည်းနည်းညှပ်တယ်။သားကြီးနာမည်က Marco သမီးလေးနာမည်က Fairy သားငယ်လေးက Marcus ပါ။
"ကိုကို baby လေးတွေက သေးသေးလေးတွေနော်"
"Fin ငယ်ငယ်က သားလေး Marcus လို သေးသေးလေး။ကိုကို့ လက်တဆုပ်စာလေးပဲရှိတယ်"
"ဟင်း ကိုကိုကလည်း လက်တဆုပ်စာကတော့ပိုပါတယ်နော်"
"အသဲယားလို့ပြောတာပါကွာ။အခုကိုယ်တို့မိသားစုလေးက ပိုပြည့်စုံသွားပြီ Finလေး မင်းက အမေနေရာရောက်ပြီး ကိုကိုက အဖေနေရာရောက်သွားပြီနော်။ကိုယ်မင်းကို အဘိုးကြီးတွေဖြစ်တယ့် အထိချစ်သွားမှာပါ။သိပ်ချစ်တယ် Fin လေး"
ESTÁS LEYENDO
My Brother Or Husband🔞(U+Z)(Complete)
Romanceဇာတ်လမ်းအကျဉ်းလေးကတော့ မွေးစားခံထားရတယ့် ညီလေးကို အကိုဖြစ်သူက စားမှာပါ မွေးပြီးစားတာပေါ့
