Unicode
Fin တစ်ယောက်မွေးဖွားဖို့ နီးလာပြီ Falcao အပါအ၀င် ကျန်တယ်သူတွေအားလုံးကလည်း စိတ်လှုပ်ရှားနေကြတယ်။နက်ဖြန်ဆို Falin ဆေးရုံတက်ရတော့မယ်။ဗိုက်ကလည်း လူနဲ့မလိုက်အောင်ကို ကြီးနေပြီ။သုံးမြွှာပူးဆိုတာရှားတယ်လေ ပြီးတော့ Falinက ယောင်္ကျားလေးတစ်ယောက်လည်းဖြစ်တယ်။လူတိုင်းက မွေးဖွားရတာခက်မှာကို စိုးရိမ်နေကြတယ်။ဒါပေမယ့် ကာယကံရှင် Falin ကတော့ သူ့ကိုယ်သူစိုးရိမ်ရမှာထက် သူ့ရင်သွေးလေးတွေထွက်လာမှာကို ပိုစိတ်လှုပ်ရှားနေတယ်။
"Fin ရေ ကိုကိုအစုံထည့်ပြီးသွားပြီ မနက်ကျသွားရုံပဲ။အခုတော့ အိပ်တော့ ဗိုက်ပူလေး"
"ဟုတ်ကိုကို။ Fin baby လေးတွေကို တွေ့ဖို့မစောင့်နိုင်တော့ဘူး"
"အရမ်းစိတ်လှုပ်ရှားမနေနဲ့ Fin လေး။မင်းကျန်းမာရေးအတွက်မကောင်းဘူး။ကလေးတွေက အချိန်တန်ထွက်လာမှာပေါ့။အဓိကက Fin လေးကျန်းမာပြီး အားရှိနေဖို့အရေးကြီးတာ။အဲ့တာကြောင့် ဒီမှာ နွားနို့သောက်ပြီး အိပ်ဖို့လုပ်တော့"
"ဟုတ်ကိုကို။ဒါနဲ့လေ မွေးဖို့နီးလာလို့လားမသိဘူး။ဗိုက်က နာတာတာနဲ့"
"ဟုတ်လား အခုဆေးရုံသွားကြမလား"
"ဟာ ကိုကိုကလည်း မနက်ကျရင်ပဲသွားရတော့မယ့်ဟာကို ရပါတယ်။အိမ်သာတက်ချင်လို့ နာတာလည်းဖြစ်နေမှာပါ"
"ဒါပေမယ့် ကိုကိုစိုးရိမ်တယ် Fin လေးရဲ့။ဒီညပဲဆေးရုံသွားထားရအောင်လေနော်"
"ရပါတယ်ဆို ကိုကိုကလည်း"
"ဟုတ်ပါပြီဗျာ Fin လေးသဘော။တခုခုဆို တန်းပြောနော်။ကိုကိုစိုးရိမ်နေမှာစိုးလို့ တစ်ယောက်တည်း ကြိတ်ခံနေတာမျိုးမလုပ်နဲ့။Fin အတွက်ရော babyလေးတွေအတွက်ရော မကောင်းဘူး။ကြားလား"
"ဟုတ်ကဲ့ပါ ခင်ဗျာ။တခုခုဆို တန်းအော်ပြောပါ့မယ်ဗျ"
"ဟုတ်ပါပြီ အဲ့တာဆို အားရှိပြီး အိပ်ရေး၀အောင်အိပ်တော့"
"ဟုတ် ကိုကို good night ပါ"
"Good night ပါ Fin လေးရေ။အိပ်မက်လှလှမက်ပါစေဗျာ"
_______________________________________________________
YOU ARE READING
My Brother Or Husband🔞(U+Z)(Complete)
Romanceဇာတ်လမ်းအကျဉ်းလေးကတော့ မွေးစားခံထားရတယ့် ညီလေးကို အကိုဖြစ်သူက စားမှာပါ မွေးပြီးစားတာပေါ့
