Part_3

10.6K 950 9
                                    

Unicode~~

"ကော..."

ဆိုင်ပြင်မှ ဝမ်ရိပေါ်က သူ့ဆီအမောတကောနဲ့ပြေးလာသည်။
အလုပ်လုပ်ခဲ့တဲ့ တစ်လအတွင်းဝမ်ရိပေါ်က ရှောင်းကျန့်ကို ရာထူးနေရာနဲ့ မျိုးရိုးနာမည်သာတွဲခေါ်တတ်သည်မို့ အခုခေါ်သံကို ဝန်ထမ်းများက ထူးဆန်းစွာ ကြောင်ကြည့်နေကြသည်။

"ကော အဲ့ဒီလီရှင်းဝူကလေ"

"အာ မှတ်မိပြီ
သူက ဟိုတစ်ခါ ငါနဲ့ တိုက်မိတဲ့ ရှင်းဝူဆိုတဲ့ကောင်လေးမလား"

"......."

ရှောင်းကျန့်က စားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုယူလိုက်ပြီးတစ်နေရာဆီ လှမ်းဆက်လိုက်ပုံရသည်။အရာအားလုံးကို အနိုင်ယူပစ်တော့မယ့် အပြုံးတစ်ခုကို နှခမ်းပေါ်ချိတ်ဆွဲရင်း"ဘာကိုဆိုလိုချင်လဲ နားလည်တယ် မဟုတ်လား"ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖုန်းပြန်ချလိုက်သည်။လက်က နာရီကို ကြည့်ရင်း စက္ကန့်များကို ရေတွက်နေသည်။တစ်မိနစ်ကြာပြီးနောက်

"မရှိတော့ဘူး"

"ဟမ်"

ဖုန်းscreen ကို လက်ညိုးနဲ့ထောက်ပြနေတာမို့ ရိပေါ် ခုနက သတင်းကို ပြန်ရှာကြည့်လိုက်သည်။ဘယ်လိုရှာရှာNo result ဆိုတာပဲထွက်လာသည်။ကောက ဒီလိုလဲ လုပ်တတ်သေးတာလား။သူလဲ သတင်းတွေကို ဒီလိုနည်းနဲ့ ဖုံးတတ်ပေမယ့် ဒီလောက်အချိန်လေးအတွင်းမှာ ကြီးကြီးမားမားသတင်းတစ်ခုလုံးကို ပျောက်သွားအောင်တော့ မလုပ်တတ်ခဲ့ပါ။

"ငါ ပါးပါးဆီသွားမို့
ဒီစိတ်အခြေအနေနဲ့ ကားမောင်းရင်း လိုင်စင်အသိမ်းမခံရချင်ဘူး မင်းပို့ပေး"

ရှောင်းကျန့်တစ်စုံတစ်ခုကြောင့် စိတ်ခုနေချိန်တိုင်း
ရိပေါ်ကပဲ ကားမောင်းပို့ပေးရသည်။ရှောင်းကျန့်စိတ်မကြည်ချိန် ကားမောင်းမိရင် လိုင်စင်အသိမ်းမခံရရင်တောင် ဒဏ်ကြေးအမြဲဆောင်ရသည်။

Sean ကုမ္ပဏီရဲ့ရုံးခန်းတစ်ခုအတွင်းက
တက်မက်မှုပါတဲ့ အပြုံးတစ်ခုနဲ့ လီရှင်းဝူက
သူ့ထောင်ချောက်ထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဓာတ်ပုံကို တစိုက်မတ်မတ်ကြည့်ရင်း

LOVE or PLAY {Complete}Where stories live. Discover now