Part_24

8.2K 700 24
                                    

Unicode~

Sean ကုမ္ပဏီရဲ့ ၂၂ နှစ်ပြည့်တဲ့နေ့~~

တစ်ဖက်က ကြည့်ရင် တစ်နှစ်ကျော်နီးပါး
ပျောက်သွားတဲ့ CEO ရှောင်းရဲ့
ပထမဆုံးပွဲတက်တဲ့နေ့၊
ကွာရှင်းပြီး အဆက်အသွယ်ဖြတ်ထားတဲ့
Leo ကုမ္ပဏီရဲ့ CEO ဝမ်ရိပေါ်ကပါ ပွဲတက်မှာမို့
လူအများက စိတ်ဝင်စားမှုမြင့်တက်နေကြသည်။

ရှောင်းကျန့်ကိုယ်တိုင်လည်း
မိန့်ခွန်းပြောပြီးသည်အထိ စိတ်လှုပ်ရှားနေတုန်း။
ဒါပေမယ့် ပါးပါးရှိခဲ့စဥ်က ပြောခဲ့တာတွေကို
သူ့အနေနဲ့ ပြောရတော့ ပါးပါးကို လွမ်းလာသည်။
ရုတ်တရက်ကြီး ထားသွားခဲ့တာ မနေ့တစ်နေ့ကလိုပဲ။

"ပြီးတော့ ကျွန်တော်
ဒီရက်တွေအတွင်း ထုတ်​ပြချင်တဲ့
အကြောင်းအရာလေးတစ်ခု ရှိပါတယ်
တော်တော်များများအံ့အားသင့်သွားမယ့်
ကိစ္စလို့လဲ ထင်ပါတယ်"

စင်အောက်မှာ ရှိတဲ့ လူတွေကတော့
သိချင်စိတ်ပြည့်နေတဲ့ မျက်ဝန်းကိုယ်စီနဲ့

"ဒီနေ့တော့ မပြောပြသေးပါဘူး။
မိသားစုကိစ္စဆိုတော့ နည်းနည်း
အချိန်ယူချင်သေးလို့ပါ
ပွဲကို လာပြီးဂုဏ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်"

စင်အောက်ဆင်းပြီး ကျိုးချန်လက်ပြနေတဲ့
ဝိုင်းဘက် လျှောက်လာရင်း
ခပ်လှမ်းလှမ်းထောင့်တစ်နေရာက
ဝိုင်းဆီ သတိထားမိသွားသည်။

နောက်ကျောပေးထားတဲ့ ပုံရိပ်ဆိုပေမယ့်
တစ်သက်မှာ တစ်ခါ မှီခဲ့ဖူးတဲ့ ကျောပြင်ဆိုတော့
မမှတ်မိပါဘူးလို့ သူ မညာချင်ပါ။

ဝမ်ရိပေါ်က သူ့ကို မမြင်ချင်လို့ထင်ပါရဲ့။
စင်ကိုတောင် နောက်ကျောပေးကာ ထိုင်နေသည်။
သူ့ဘေးမှာတော့ ဟိုနေ့က လေဆိပ်မှာ
အတူ တွေ့ခဲ့တဲ့ကောင်မလေးက ကပ်ပါလာသည်။

နှစ်ယောက်က ပွဲတွေ ဘာတွေတောင်
အတူတက်လို့ပါလား။
ကျိုးချန်ထိုင်နေတဲ့ ဝိုင်းမှာဝင်ထိုင်ရင်း
Waiter ချပေးတဲ့ ဝိုင်ခွက်ကို တစ်ခါတည်း
မော့သောက်လိုက်သည်။

"နောက်ဆုံးတော့ မင်းသောက်ပြီပေါ့"

ကျိုးချန်ပြောလည်း ပြောချင်စရာပါပဲ။
ရှောင်းကျန့်က အရက်မပြောနဲ့၊
ဝိုင်မသောက်တာတောင် အတော်လေးကြာပြီ။
ဒီလတွေမှာ သားကို နို့ဘူးပြောင်းတိုက်ထားတော့
သူသောက်လို့ရနေသည်။
ကျိုးချန်ခေါ်တိုင်း စိတ်မပါလို့သာ မသောက်ဖြစ်။
ဒီနေ့တော့ သူတကယ်မွန်းကြပ်လာလို့
သောက်ဖြစ်ခြင်းပင်။

LOVE or PLAY {Complete}Where stories live. Discover now