Part_32

7.7K 615 32
                                    

Unicode~

အားလပ်ရက်တစ်ရက်မှာ
မိဘမဲ့ဂေဟာလေးတစ်ခုကို
သူတို့ငါးယောက်အတူတူ ရောက်လာခဲ့သည်။

ဂေဟာတွင် စာသင်တဲ့ကလေးက စာသင်၊
စာသင်ဖို့ အသက်မပြည့်တဲ့ကလေးတွေကတော့
ထိုင်ဆော့နေကြသည်။
နေ့လည်နေခင်း တရေးတမော
အိပ်နေတဲ့ ကလေးတွေလဲ ရှိသည်။

ကလေးတွေရဲ့ အုပ်ထိန်းသူဖြစ်တဲ့ တီချယ်နဲ့ စကားပြောရင်း လှူရမယ့် ပစ္စည်းတွေ
အကုန်လှူလိုက်သည်။

အသက်အရွယ်အားဖြင့် လေးဆယ်ကျော်ပြီဖြစ်တဲ့
တီချယ်က သူ့ရဲ့ ဆုံးသွားတဲ့ မားမားရဲ့ခြေရာကို
နင်းကာ ခိုကိုးရာမဲ့ကလေးတွေကို
သေချာစောင့်ရှောက်ပေးသည်။
စိတ်ထားလဲ ကောင်းသလို စည်းကမ်းလဲ ကြီးသည်။

သူမက အေးအေးချမ်းချမ်း
ပြုံးလိုက်ကာ ပြောသည်။

"ကလေးတွေက အားကျန့်ကို လွမ်းနေကြတာ
မင်းတို့ ဆေးရုံပြောင်းသွားတဲ့နေ့ကဆို
ရှောင်းဖွားဖွားနဲ့ ရှောင်းကျန့်ကောကော
ဘယ်ရောက်သွားတာလဲဆိုပြီး မေးနေကြတာ
ရှိသမျှ တီချယ်တွေအကုန်
အာပေါက်မတတ်ပြန်ရှင်းပြလိုက်ရတယ်"

"အဲ့တုန်းက ကျွန်တော်လည်း
ဘာမှ မဖြစ်လောက်ပါဘူးထင်ပြီး
နယ်ဆေးရုံမှာပဲ မွေးလိုက်တာ၊
တော်ရုံနဲ့မမွေးနိုင်လို့ တညတည်းနဲ့
မြို့ကို ပြောင်းသွားရမယ်လို့ မတွေးခဲ့မိဘူး။
​မြို့သွားတဲ့ တစ်လမ်းလုံး
ရှီမင်ကောဆူတာ အတော်လေးခံလိုက်ရတယ်။"

ရှောင်းကျန့်က ရယ်ရင်း ထပ်ပြောသည်။

"ကလေးတွေကို ကျွန်တော် ပြောင်းသွားတုန်းက နှုတ်ဆက်ဖို့ အချိန်မရလိုက်ဘူး။
အဲ့တာလေ သူတို့ကိုချော့ရင်း
ကိတ်မုန့်လေးဘာလေး လုပ်ကျွေးကြည့်မလားလို့"

"ဟုတ်ပါပြီကွယ်
ဒီနေ့ ဂေဟာရဲ့မီးဖိုချောင်တစ်ခုလုံး
အားကျန့်အပိုင်ပဲ"

တီချယ်က ရှောင်းကျန့်ဘေးမှာ ထိုင်နေတဲ့
ရိပေါ်ကို သတိထားမိသွားကာ မေးလာသည်။

"ရှောင်းကျန့်ရဲ့ အမျိုးသားလား"

"ဟုတ်ကဲ့
ဝမ်ရိပေါ်လို့ခေါ်ပါတယ်
တွေ့ရတာ ဝမ်းသာပါတယ်ဗျ"

LOVE or PLAY {Complete}Where stories live. Discover now