Part_14

7.3K 683 20
                                    

Unicode~

စိမ်းစိုနေသော ဝါးတောကြီးထဲ
ရှောင်းကျန့်တစ်ယောက်တည်းရောက်နေသည်။
ဘေးပတ်ပတ်လည်မှာစိမ်းဖန့်ဖန့်ဝါးပင်တွေ
အစီအရီပေါက်နေပြီး မပူမအေးတဲ့လေထုကြောင့် စိတ်တည်ငြိမ်မှုကိုပါ ပူးတွဲခံစားရသည်။

လက်ထဲ တစ်စုံတစ်ခုကိုကိုင်ထားသလို ခံစားရ၍
ညာဘက်လက်သီးဆုပ်ကို ဖွင့်ကြည့်တော့
သူကိုင်ထားသည်က ဝါးရွက်လေးတစ်ရွက်
ဖြစ်နေသည်။

တီ တီ တီ

ပြင်ပမှ ဖုန်းမြည်သံကြားကာ
ရုတ်တရက် အိမ်မက်မှ နိုးလာခဲ့သည်။
နေ့လည်ခင်းတစ်ခါမှ မအိပ်ဖူးပေမယ့်
ဒီနေ့ကျ ပင်ပန်းသိလိုရှိ၍ ခဏတဖြုတ်အိပ်မိတော့
အိမ်မက်ထူးထူးဆန်းဆန်းမက်ပြန်သည်။

စားပွဲပေါ် ခေါင်းမှောက်အိပ်မိ၍
လည်ပင်းအကြောများတောင့်ခဲနေသည်ကို
ဖြေလျော့ရင်း ဖုန်းကိုင်လိုက်သည်။

"ကျိရန်..ပြော"

"ငါ မင်းကုမ္ပဏီနား ရောက်နေတယ်
ပြီးတော့ ငါ့သူငယ်ချင်းကြီးကိုလဲ
မတွေ့တာ ကြာတော့ တွေ့ချင်လို့"

"ဟုတ်ပါပြီ
ငါအခု ဆင်းလာမယ်"

"ကိတ်မုန့်ဆိုင်မှာ စောင့်ရမလား"

Sean ကုမ္ပဏီရဲ့ ပတ်ဝန်းကျင်ကို
စားသောက်ဆိုင်ပေါင်းမြှောက်များစွာနဲ့
ဝန်းရံထားသည်။မိတ်ဆွေဟောင်းတွေ တွေ့ဆုံနေကျနေရာဖြစ်သလို ဝန်ထမ်းအတော်များများရဲ့
စုရုံးရာနေရာဆိုလဲ မမှား။

"ဟင့်အင်း
ကြက်ကြော်ဆိုင်မှာ စောင့်၊
ငါစားဖို့ အစပ်လေးကြိုမှာပေးနော်"

"အင်း မှာပေးမယ်"

သူမှာပေးထားတဲ့ ကြက်အစပ်ကြော်ကို
အားရပါးရစားနေတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း
ကျိရန် မပြုံးဘဲ မနေနိုင်။

"​လူကြီးဆိုဒ်ဖမ်းနေတဲ့ သုံးနှစ်သားလေးရေ
ပြောပါဦး...ဝမ်ရိပေါ်နဲ့ အခြေအနေဘယ်လိုရှိလဲ"

"ဘယ်လိုရှိရမှာလဲ
ဒီအတိုင်းပဲ"

"ဒီအတိုင်း?"

သူတို့နှစ်ယောက်ဆက်ဆံရေးကိုကြည့်ပြီး
ကျိရန်အရမ်းအသည်းယားသည်။
ဝမ်ရိပေါ်က အရမ်းချစ်ပြနေလည်း
ရှောင်းကျန့်က မျက်လုံးစုံမှိတ်ပြီး မချစ်ဘူးလို့ပဲ ကုန်းအော်နေတာ။

LOVE or PLAY {Complete}Where stories live. Discover now