Part_27

9.2K 710 14
                                    

Unicode~

ကောကို အိမ်ပြန်လိုက်ပို့ပေးတဲ့ အချိန်ထိ
ရိပေါ်မယုံနိုင်သေး။

မဖြစ်နိုင်ပါဘူး။
အဲ့တုန်းက ဆရာဝန်က ကလေးမရှိတော့ဘူးလို့ သေချာပေါက်ပြောခဲ့တာ။

ရင်တထိတ်ထိတ်နဲ့ လိုက်လာခဲ့ရင်း
ကောဝင်သွားတဲ့ အိပ်ခန်းထဲမှာ
ပါးဖောင်းဖောင်းနဲ့အော်ငိုနေတဲ့ ကလေးလေးကို
မြင်မှ ရိပေါ် သက်ပြင်းချနိုင်တော့သည်။

သားမျက်လုံးလေးတွေနဲ့
ကောမျက်လုံးတွေက တစ်ပုံစံတည်း။
ကျန်တဲ့အစိတ်အပိုင်းတွေကတော့
ကျွန်တော်နဲ့တူတာ။
ဝမ်ရိပေါ် သားလို့ပြောရင် မယုံမှာစိုးလို့ထင်ပါရဲ့။

သူ့ပါးပါးလက်ထဲမှာ အေးအေးချမ်းချမ်း
အိပ်မောကျနေတဲ့ သားသားရယ်၊
ကျောကို နူးနူးညံ့ညံ့လေးပုတ်ပေးပြီး
ချော့သိပ်နေတဲ့ ကောရယ်၊
ဒီမြင်ကွင်းလေးက ရိပေါ်အတွက်
အရမ်းကြည်နူးစရာကောင်းသည်။

သူစိုက်ကြည့်နေတာကို သတိထားမိပြီး
သူ့ဘက် လှည့်ကြည့်လိုက်တဲ့ ကောက
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ တကယ်မြတ်နိုးချင်စရာအတိ။

ကောက သူ့ကို အချိန်ကြာတဲ့အထိ
ကြောင်ကြည့်နေတာမို့ ကလေးကို
အရင်အိပ်ယာပေါ် ချအိပ်စေရန်
ရိပေါ် မေးဆတ်ပြကာ သတိပေးလိုက်သည်။

ရိပေါ် ဗီရိုထဲက ဆေးသေတ္တာကို ယူပြီး
ရှောင်းကျန့်လက်ကို ဆွဲကာ အိမ်ရှေ့ဝရံတာဆီ
ခေါ်လာခဲ့သည်။ဂျစ်ကန်ကန်နဲ့ ကိုယ့်ကိုကိုယ်
အသားနာအောင်လုပ်တဲ့ အဆိုးအဆာလေးကို
သူဆေးထည့်ပေးရဦးမယ်မလား။

အင်္ကျီလက်ရှည်ကို ခေါက်တင်ပေးလိုက်တော့
လက်ကောက်ဝတ်တစ်စုံက နီရဲနေသည်။
ရှောင်းကျန့်ရဲ့ လက်သေးသေးလေးနှစ်ဖက်ကို
ရိပေါ်က သူ့လက်ဖဝါးအကြီးကြီးနဲ့ အုပ်ကိုင်ကာ
နီရဲနေတဲ့ လက်ကောက်ဝတ်လေးကို ငုံ့နမ်းလိုက်သည်။ကောက တစ်ချက်တွန့်သွားပေမယ့် ရုန်းတော့ မရုန်း။

ရိပေါ်က ရှောင်းကျန့်ရဲ့ ထိခိုက်ထားတဲ့လက်ကို
ဆေးသေချာလိမ်းပေးရင်း မေးသည်။

"ကျွန်တော့ကို ဘာလို့မပြောခဲ့တာလဲ"

ရှောင်းကျန့် ထိုမေးခွန်းကို ​ဘယ်လိုပြန်ဖြေရမှန်း
မသိ။အတန်ကြာအောင် တွေဝေနေပြီးမှ ပြန်ဖြေမိသည်။

LOVE or PLAY {Complete}Where stories live. Discover now