Part_19

7.3K 659 11
                                    

Unicode~

တိုင်ပေါ် ကပ်ထားတဲ့ နာရီလက်တံက
နေ့လည် ၁နာရီကျော်လုနေပြီ။

"​နေ့လည်စာစားချိန်လဲ တော်တော်နောက်ကျနေပြီဗျ
အစည်းအဝေးပြီးပြီ"

​ရှောင်းကျန့် ပြောရင်း အရှေ့မှ ဖိုင်တွဲအချို့ကို
သိမ်းနေလိုက်သည်။အစည်းအဝေးခန်းထဲမှ
ဝန်ထမ်းများထွက်ခါနီးမှ
ကျိုးချန်က လက်ခုပ်တီးရင်း အော်ပြောသည်။

"CEO ရှောင်းက ငါတို့ကို
နေ့လည်စာဝယ်ကျွေးမယ်တဲ့"

ထိုအသံကြားသည်နှင့်
ကုမ္ပဏီဝန်ထမ်းများ၏မျက်လုံးများက
ဘလင်းလင်းဖြစ်လာကာ ရှောင်းကျန့်ကို
စုပြုံကာ စိုက်ကြည့်လာကြသည်။
အကုန်လုံး မျှော်လင့်ချက်တွေက သူ့အပေါ်ရောက်လာတော့ လက်ခံပေးလိုက်သည်။

မျက်လုံးမှိတ်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေတဲ့
ဘော့စ်က တကယ့် နတ်သားလေးအတိုင်းပဲ။

ရှောင်းကျန့်ရဲ့ Sean ကုမ္ပဏီအနီးအနားက
စားသောက်ဆိုင်တစ်ဆိုင်
ရွေးပြီး ကုန်ကျစရိတ်အကုန်ရှင်းပေးလိုက်သည်။
ကောင်တာမှာ အကုန်ရှင်းပေးပြီးတော့မှ
သူ့ဘေးမှာ ရပ်ပြီး ပြုံးဖြီးနေတဲ့ ကျိုးချန်ကို
သွားကြားထဲက ထွက်လာတဲ့လေသံနဲ့
ပြောလိုက်သည်။

"ချွန်တွန်းလုပ်တယ်နော် မင်း"

"နည်းနည်းပါ ဟဲဟဲ"

"ရှောင်းကျန့်"

ထောင်တစ်ထောင့်ရဲ့ စားပွဲဝိုင်းတစ်ခုကနေ
ရှီမင်ကောရဲ့ လှမ်းခေါ်သံကို ကြားရသည်။
နေ့လည်စာ လာစားတယ်ထင်ပါရဲ့။
သူ့ကိုပါ ခေါ်နေတာမို့ အားနာနာနဲ့ ဝင်ထိုင်လိုက်ရသည်။

လျိုရှီမင်က သူ့ရဲ့ ဘယ်ဘက်လက်မှာ
ပတ်ထားတဲ့ နာရီကို ငုံ့ကြည့်လိုက်ကာ မျက်မှောင်ကြုတ်ပြီး​ ရှောင်းကျန့်ကို ဆူသည်။

"နေ့လည်စာစားတာ နောက်ကျတယ်နော်"

"တစ်ခါတစ်လေလေး မဆိုစလောက်နောက်ကျတာ"

ရှောင်းကျန့် မျက်လုံးတွေမှိတ်ကျတဲ့ အထိ
ပြုံးပြလိုက်သည်။ဒီရက်ပိုင်း သူအရမ်းစိတ်ပျော်နေတော့ အရင်လို ရုပ်တည်ကြီးနဲ့မနေဖြစ်။

LOVE or PLAY {Complete}Where stories live. Discover now