Part_21

7.9K 663 10
                                    

Unicode~

အခန်းထဲ ပစ္စည်းပစ်ပေါက်သံတွေက ဆူညံနေသည်။
စပီကာ ဖွင့်ထားတဲ့ ဖုန်းက မှန်စားပွဲပေါ်မှာ
အလိုက်သင့်လေးရှိနေသည်။

"ဝေဝေ
မင်း ငါလုပ်ခိုင်းတဲ့အလုပ်ကို
သေချာမလုပ်ဘူးနော်"

"သူဌေးဖြစ်စေချင်တာက
သူတို့နှစ်ယောက်ကွဲဖို့ပဲ မဟုတ်ဘူးလား။
အခုကွဲသွားပြီလေ။"

လင်းဟန်ရှင်းအတွက်
ဒီမနက်ကြားရတဲ့သတင်းဆိုးက
ဟိုတစ်ယောက်က အသက်ရှင်နေသေးသတဲ့။
အလုပ်ကို သေချာမလုပ်တဲ့ ဝေဝေကို
သူစိတ်ပျက်လာသည်။

"ကျစ်
ငါလိုချင်တာက သူတို့နှစ်ယောက်လုံးကို
ပျောက်ကွယ်သွားစေချင်တာ"

"အဲ့ဒါတွေ ဝေ စိတ်မဝင်စားဘူး။
ငွေဘယ်တော့လွှဲပေးမလဲ။အလုပ်ထွက်ချင်ပြီ"

"....."

"ဘာလဲ မပေးဘူးလား
မပေးရင် ရှင်ခိုင်းတဲ့အကြောင်းတွေ
ဖွပစ်မှာနော်"

"မင်း!!"

ဒေါသထွက်နေတဲ့ သူ့ကို
ရှင်းဝူက အားပါးတရ လှောင်ရယ်သည်။
လင်းဟန်ရှင်းယုတ်မာတယ်ဆိုတာ
လီရှင်းဝူ အိပ်နေသလောက်ပဲ ရှိသည်။
လင်းက ဒီလိုလုပ်ခိုင်းမှာ ကြိုသိလို့
ရှင်းဝူက ဝေဝေ့ကို ငွေလိုသလောက်ကြိုပေးပြီး
ဆေးနည်းနည်းလျော့ထည့်ခိုင်းလိုက်သည်လေ။
ထိခိုက်ရင်တောင် ရှောင်းရဲ့ ကလေးပဲထိခိုက်မှာ။

လှောင်ရယ်နေတဲ့ ရှင်းဝူကို
လင်းဟန်ရှင်းက စိတ်တိုလာသည်ထင်။
ခဏအကြာမှာ လင်းက ရှင်းဝူရဲ့မျက်နှာတစ်ခုလုံးကို
စုတ်ပြက်သက်သွားအောင် ပိတ်ထိုးပစ်တော့သည်။

~~~

ရိပေါ်က ရှောင်းကျန့်နဲ့ ကွာရှင်းပြီး
နှစ်ပတ်ကျော်ကြာတဲ့အထိ ကုမ္ပဏီမသွားဘဲ
အခန်းအောင်းပြီး အရက်လိမ့်သောက်နေတော့သည်။

ကုမ္ပဏီမှာ အလုပ်ပြန်ဝင်တဲ့နေ့တွေမှာလည်း
တစ်ယောက်သောသူကို မတွေးမိစေဖို့
အလုပ်ကိုပဲ အာရုံစိုက်နေတဲ့ ရိပေါ်ကိုကြည့်ပြီး
ဟိုက်ခွမ်းကောက သက်ပြင်းအကြိမ်ကြိမ်ချသည်။

"မင်းတကယ်ပြတ်သားနိုင်လို့လား။
ရိပေါ်ရာ"

ဟိုက်ခွမ်းကောရဲ့ မေးခွန်းအဆုံးမှာ
လက်တော့ပ်ပေါ် ရွေ့လျားနေတဲ့ လက်ချောင်းတွေက တုန့်ကနဲရပ်သည်။

LOVE or PLAY {Complete}Where stories live. Discover now