Part_5

9.7K 856 11
                                    


Unicode~~

"ကော်ဖီနဲ့ HamBurger"

ရိပေါ်က ရှောင်းကျန့်စားပွဲပေါ် ကော်ဖီဘူးနဲ့ အထုပ်တစ်ထုပ် စားပွဲပေါ်လာတင်ပေးသည်။
အခုဆိုရှောင်းကျန့်က Sean ကုမ္ပဏီမှာ အလုပ်ဝင်နေပြီဖြစ်၍ ရိပေါ်နဲ့ မတွေ့ရတော့ဘူးဆိုပြီးပျော်နေတာ။သူက CEO လုပ်ပြီး ကုမ္ပဏီမသွားဘူးလား။

"မဝယ်ခိုင်းမိဘူးထင်တယ်"

ရိပေါ်က ရှောင်းကျန့်ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ
ဝင်ထိုင်ကာ မေးထောက်ရင်းပြောသည်။

"ကောသောက်စေချင်လို့ကို ဝယ်လာတာ
ရူးချင်ယောင်ဆောင်မနေနဲ့လေ
ကျွန်တော်ဖွင့်ပြောထားတယ်နော်
အခုကောကို ကျွန်တော်လိုက်နေတာ"

"လိုက်လေ
ငါ့ကို မထိခိုက်လာသ၍ တားမှာ မဟုတ်ဘူး
ငါ့ဘက်က မင်းကို စိတ်ဝင်စားလာမယ်လို့
ယုံကြည်မှု ရှိမနေစမ်းပါနဲ့လား
ရှုံးသွားရင် ရှက်စရာကောင်းတယ်"

"ကောက ကျွန်တော့ကို ပြိုင်ဘက်လိုသဘောထားနေတာလား"

"ထင်ချင်သလိုထင်"

"ဒါဆို ကျွန်တော်က အလှဆုံးပြိုင်ဘက်နဲ့ ပြိုင်နေမိတာပဲ
ဘဝင်တောင်မြင့်ချင်လာပြီ အဟမ်း"

ကောက သူ့ကို မျက်လုံးလှန်ကြည့်ရင်း သူဝယ်လာတဲ့ ကော်ဖီဘူးနဲ့ Burger ကို အလုပ်စားပွဲဘေးက
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

"ငါ Burger မကြိုက်ဘူး
ကော်ဖီကိုတော့ မင်းဝယ်လာလို့ကို မကြိုက်ဘူး"

ရိပေါ်က အမှိုက်ပုံးကို တစ်ချက်ကြည့်ပြီး
သူ့ကို စူးဝါးနေအောင် စိုက်ကြည့်နေသည်။
ရှောင်းကျန့်ရဲ့ မျက်လုံးဝိုင်းလေးတွေက
ရိပေါ်ကို ခနဲ့နေပုံပေါ်သည်။

"ဘယ်လိုလဲ ဒေါသထွက်သွားတာလား"

"ကောက ကျွန်တော်ကြိုတွေးထားခဲ့တဲ့ အရာကို လုပ်ခဲ့တာပဲ"

"...."

မျက်နှာချင်းဆိုင်ခုံမှ ရိပေါ်က ထရပ်လိုက်ပြီး ပြုံးကာ

"ကျွန်တော် ထင်ထားတာထက် တုံ့ပြန်တာပိုမြန်တယ်
အိုက်ယိုး...ကောက ချစ်စရာကောင်းလိုက်တာ"

LOVE or PLAY {Complete}Where stories live. Discover now