Part_20

7.9K 656 19
                                    

Unicode~

အရေးပေါ်ခန်းထဲက ထွက်လာတဲ့
ဒေါက်တာက မျက်နှာလုံးဝမကောင်း။
ရိပေါ် လည်ချောင်းထဲက တစ်ခုခုဆို့နေသလို
ခံစားချက်ကြောင့် တံတွေးမျိုချလိုက်ရင်း
ခြောက်သွေ့နေတဲ့ နှခမ်းတွေကို
လျှာနဲ့ သပ်လိုက်ကာ

"ကောအခြေအနေဘယ်လိုရှိလဲဟင်
ပြီးတော့ ကလေး"

"မစ္စတာရှောင်းကျန့်က ခဏနေနိုးလာပါလိမ့်မယ်
ကလေးအတွက်တော့ စိတ်မကောင်းပါဘူး"

ရိပေါ်ရဲ့ မျက်ဝန်းတစ်စုံမှာ နာကျင်မှု အရိပ်အယောင်က လစ်ကနဲဖြတ်ပြေးသွားသည်။

"ကောက ဆေးလည်း သေချာသောက်ပါတယ်။
မနက်ကအထိ ကောနဲ့ ကလေးလေးက
အဆင်ပြေပြေ ရှိနေတာပါဗျာ
ဘယ်နားက မှားသွားတာလဲ"

သူအတင်းမေးတော့မှ
ဒေါက်တာက ဖြေရခက်သလို
အမူအရာလုပ်နေသည်။
ထို့နောက် သက်ပြင်းတစ်ချက်ချကာ

"လူနာက သန္ဓေသားကို ထိခိုက်စေမယ့်
ဆေးသောက်ထားတယ်...မစ္စတာဝမ်"

ရိပေါ်တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်လို
တောင့်ခဲသွားသည်။

မဖြစ်နိုင်ပါဘူး။
ကောက အဲ့လိုလူမျိုးမှ မဟုတ်တာ။

အချိန်အကြာကြီးဆုပ်ထားခဲ့တဲ့ အကြောပြိုင်းပြိုင်းထနေတဲ့ လက်သီးဆုပ်တွေက ပြေလျော့သွားသည်။

"မစ္စတာဝမ်
အဲ့တာ ဘာဆေးလဲ"

ဆရာဝန်လက်ညိုးထိုးပြတဲ့ ကြမ်းပြင်ကို
ကြည့်မိတော့ အိမ်ကနေ
ဆေးရုံထိ သူသတိမကပ်ဘဲ ဆုပ်ကိုင်လာမိတဲ့
ဆေးကဒ်လေးတစ်ကဒ်ဖြစ်နေသည်။
ရိပေါ် ထိုကဒ်ကို ကောက်လိုက်ကာ ဒေါက်တာကို ပေးလိုက်သည်။

ပါဝါအထူကြီးရှိတဲ့ မျက်မှန်ကို ပင့်တင်ရင်း
ဆေးကဒ်ကို စစ်ဆေးနေတဲ့ ဒေါက်တာကို
ရိပေါ် သိချင်စိတ်ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့
ကြည့်နေမိသည်။ခဏအကြာတွင် ဒေါက်တာက မျက်လုံးပြူး မျက်ဆံပြူးဖြင့် ရိပေါ်ကို ပြောလာသည်။

"ဒါ..ဒါက...
စျေးကွက်ထဲမှာ
အတော်လေးရှာဝယ်မှရတဲ့ ဆေးမျိုး"

'မဟုတ်ပါစေနဲ့' လို့
ဆုတောင်းနေတာတွေက မပြည့်ခဲ့ဘူး။
ရိပေါ် ကြမ်းပြင်ပေါ် ထိုင်ရက် လဲကျသွားရသည်။
အရေးပေါ်ခန်းအရှေ့က ကြမ်းပြင်ပေါ်  ထိုင်ရင်း
သူ နာနာကျည်းကျည်း အော်ရယ်ပစ်လိုက်သည်။
ကျလာတဲ့ မျက်ရည်တွေကို လျစ်လျူရှုရင်း
တောက်တစ်ချက်ခေါက်လိုက်သည်။

LOVE or PLAY {Complete}Where stories live. Discover now