Part_25

8.6K 714 22
                                    

Unicode~

ဆေးရုံတစ်ခုရဲ့ ရုံးခန်းတစ်နေရာက တိတ်ဆိတ်နေသည်။မနေ့ညက လေပြေအေးအေးနဲ့အတူ ကွဲကြေသွားတဲ့ နှလုံးသားတစ်စုံနဲ့
ရှီမင်ရဲ့မျက်နှာက အရင်ကထက် တည်တံ့နေသည်။
သူ့မျက်လုံးကတော့ စားပွဲပေါ်တင်ထားတဲ့
နာရီအကောင်းစားလေးတစ်လုံးဆီမှာ။

ညက ပေးခဲ့မလို့ကို
ရှောင်းကျန့်ရဲ့အငြင်းခံလိုက်ရတော့ ရှက်ပြီး
မပေးလိုက်ရဘူးလေ။

"ဒေါက်တာလျို"

တံခါးကို အသာဖွင့်ပြီး ဝင်လာတဲ့သူက လီကျင်းရန်

ဆေးရုံတစ်ခုတည်းမှာ အလုပ်လုပ်ပြီး
မကောင်းတဲ့ အကြောင်းအရာတစ်ခုနဲ့သာ
ဆုံတွေ့ခဲ့တာမို့ ကျင်းရန်ကို မြင်ရင်
ရှီမင်နှာခေါင်းရှုံ့မိစမြဲ။

ရှောင်းကျန့်နဲ့ဟိုကောင်လေးကွဲတာ သူ့ကြောင့်လေ။
သူ့ဘက်က တောင်းပန်ပြီးပေမယ့်ရှီမင်မကျေနပ်နိုင်။ရှောင်းကျန့်က ဒီကောင့်ကြောင့် ဘယ်လောက်ငိုခဲ့တယ်ထင်လဲ။

ကျင်းရန်ကတော့
မျက်မှန်အထူကြီးကို ပင့်တင်လိုက်ကာ
စားပွဲပေါ်တင်ထားတဲ့ နာရီကို ကြည့်ရင်း
ပြောလိုက်သည်။

"မပေးခဲ့ရဘူးပေါ့"

"အဲ့တာ မင်းနဲ့ဆိုင်လား"

"ဟို..."

"မင်းကို ငါ ဘယ်နှခါပြောရမလဲ
ငါရှေ့မပေါ်လာပါနဲ့
မင်းကို မြင်ရင် ငါဆွဲထိုးချင်စိတ်ကို
မနည်းထိန်းထားရတာနော်"

သူဒေါသတကြီးပြောလိုက်တော့ ကျင်းရန်က
စိတ်တိုသွားသည်။

"ကျွန်တော်က မေးကြည့်ရုံပါ
ခင်များက အဲ့လောက်ဖြစ်ပျက်သွားစရာလိုလို့လား"

ရှီမင်ထရပ်လိုက်ကာ သူ့အရှေ့မှာ ရပ်နေတဲ့
လီကျင်းရန်ရဲ့ ကော်လံစကို ဆွဲဆုပ်ရင်း ပြောသည်။

"အကုန်လုံး မင်းကြောင့်လေ
မင်းသာ စစ်ဆေးချက်မမှားခဲ့ဘူးဆိုရင်
သူတို့နှစ်ယောက်က ကွဲကွာသွားမှာ မဟုတ်ဘူး
ရှောင်းပေါင်လေးကလည်း
သူ့အဖေနှစ်ယောက်စလုံးနဲ့ မိဘစုံစုံလင်လင်နေရမှာ
အဲ့ဒါ မင်းကြောင့် အကုန်လုံးမင်းကြောင့်!!!"

LOVE or PLAY {Complete}Where stories live. Discover now