Part_34

8.1K 643 32
                                    

Unicode~

သူစကားဆုံးတာနဲ့
ရိပေါ်က ပြူးတူးပြဲတဲနဲ့ ထထိုင်ကာ

"ကော!"

ကောက တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား။
​ကောကိုယ်တိုင် သူ့ကို ရှောင်းပေါင်က
ငယ်သေးတယ်လို့ပြောထားတော့
အခုလိုမြန်မြန်ဖြစ်လာလိမ့်မယ်လို့
သူ မတွေးထားမိဘူးလေ။

ရိပေါ် က မျက်ရည်ဝဲရင်း
ရှောင်းကျန့်ကို ဖက်ကာ
ကျေးဇူးတင်စကားကို တဖွဖွဆိုသည်။

"ဒါနဲ့ ဘယ်နှစ်လရှိပြီလဲဟင်
အခုမှ သေချာကြည့်ဖြစ်တယ်
ဗိုက်က နည်းနည်းထွက်နေပြီပဲ"

"သုံးလမပြည့်တပြည့်ပဲ ရှိသေးတာ
ဒုတိယကိုယ်ဝန်မို့လို့လား မသိဘူး"

"ကြည့်ရတာ ကျွန်တော့ကို နောက်ကျမှ
ပြောပြတာထင်တယ်"

ရိပေါ်က မကျေမနပ်ဖြစ်သလို
လေသံနဲ့ ပြောလိုက်တော့ ရှောင်းကျန့်က မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ရှင်းပြလာသည်။

"အဲ့ဒါလေ...ကော သိတာ ကြာပြီ
မင်းမွေးနေ့က နီးနေပြီဆိုတော့လေ
မွေးနေ့လက်ဆောင်လေးပေးချင်လို့"

ရှောင်းကျန့် ရှင်းပြနေတုန်း
ရိပေါ်က ရှောင်းကျန့်ဝတ်ထားတဲ့ အင်္ကျီရဲ့
ကော်လံစကို ဆွဲချကာ သူကိုယ်တိုင် ဖန်တီးထားတဲ့ခရမ်းရောင်အကွက်တွေကို အမြတ်တနိုးနဲ့ကြည့်နေသည်။
ထို့နောက်ပြုံးလိုက်သည်။

"ကိုယ်ဝန်ရှိတာနဲ့ ယောကျ်ားဖြစ်သူကို
တော်တော်လေး အလိုလိုက်တာပဲ"

ရှက်ပြုံးပြုံးနေတဲ့ ကောင်လေးရဲ့
မေးသွယ်သွယ်လေးကို ရိပေါ် လက်ညိုးနဲ့ လက်မသုံးပြီး ဆွဲမော့လိုက်ကာ
နှခမ်းလေးကို ပြွတ်ကနဲ နမ်းလိုက်သည်။

"အမြဲ ကလေးရှိအောင်လုပ်ပေးရတော့မယ်
ထင်တယ်၊အဲ့လိုဆို ကျွန်တော်လဲ အဆင်ပြေ၊
ကောလဲ အဆင်ပြေ.."

"နှာဘူး!!
ငါက ဘယ်နားမှာ အဆင်ပြေပုံပေါက်သွားလို့လဲ"

ရှောင်းကျန့်က မျက်မှောင်ကြုံ့ကာ
ရိပေါ်လက်ထဲက လွတ်အောင်ရုန်းပြီး
ရိပေါ်ကို ကျောပေးကာ
မွေ့ယာပေါ် လှဲအိပ်လိုက်သည်။

LOVE or PLAY {Complete}Where stories live. Discover now