Part_23

8K 736 28
                                    

Unicode~

After One year ago~

"ဘော့စ်!"

ရိပေါ် လေဆိပ်ဆင်းတာနဲ့ ရှောင်မိန်းနဲ့အတူ
ဒရိုင်ဘာတစ်ယောက်က လာကြိုသည်။
မိမိနိုင်ငံရဲ့ အငွေ့အသက်က
ငါးလကြာသွားလည်း နွေးထွေးနေတုန်း။

တစ်ခုခုကျကျန်ခဲ့သလို ခံစားလာရတာမို့
သူ အနောက်ကို လှည့်ကြည့်လိုက်တော့
ဂိတ်ဝမှာ ခရီးဆောင်အိတ်သေးသေးလေးကိုတောင်
မသယ်နိုင်ဖြစ်နေတဲ့ ချင်းချင်း။

ကပိုကရိုနိုင်လွန်းတဲ့ သူမကို
ရိပေါ်လက်ပိုက်ကာ ရပ်စောင့်နေလိုက်သည်။
ထိုကောင်မလေးက
သူ့ကို မှင်သေသေရပ်ကြည့်နေတဲ့ ရိပေါ်ကို
တဟီးဟီးနဲ့ ရယ်ပြနေသေးသည်။

ထိုပိန်သေးသေးနဲ့ ကောင်မလေးကို
ရှောင်မိန်းမျက်လုံးတွေ ပေါက်ထွက်မတက်
စိုက်ကြည့်နေမိသည်။

သူမဘော့စ်က ပြင်သစ်က ပရောဂျက်တစ်ခုအတွက်
ငါးလနီးပါးအချိန်ပေးခဲ့ရသည်။
ဒါပေမယ့် အခုပြန်လာတော့ ဘယ်ကမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်က ပါလာသည်။

"ဘော့စ် ဒီကောင်မလေးက"

ကိုယ်ရေးကိုယ်တာတွေ ဘာတွေ မသိတော့ဘူး။
သူမ အရမ်းမေးချင်နေပြီ။

"လျိုချင်းချင်း"

ဘော့စ်က သူ့ဝသီအတိုင်း နာမည်သာ ​ရွတ်ပြသည်။
ဒါပေမယ့် 'လျို'ဆိုတဲ့ မျိုးရိုးနာမည်ကို
ရှောင်မိန်းကြားဖူးပါတယ်။

"မင်္ဂလာပါ
ဟိုက်ခွမ်းကောရဲ့ညီမ လျိုချင်းချင်းပါ
ဟိုမှာ ကျောင်းပိတ်တာနဲ့ ကြုံလို့
ရိပေါ်ကောကောနဲ့ လိုက်လာတာ"

သူမက ဖော်ဖော်ရွေရွေပဲ
လက်ဆွဲနှုတ်ဆက်လာသည်။

"အာ ဟုတ်ကဲ့"

မဟုတ်တာတွေးမိတဲ့ ကိုယ့်ကိုကိုယ်သာ
ဖြတ်ရိုက်လိုက်ချင်သည်။ဘော့စ်အကြောင်းကို
မသိတဲ့လူကျနေတာပဲ။

ချင်းချင်းကို ဟိုက်ခွမ်းကောရဲ့အိမ်အထိ
ပို့ပေးလိုက်ပြီး ကားကို 'Leo'ကုမ္ပဏီဆီ
ဦးတည်ကာ မောင်းခိုင်းလိုက်သည်။

ရှောင်မိန်းက မနက်ဖြန်အတွက်
အချိန်ဇယားတွေ ဖတ်ပြရင်း
တစ်နေရာရောက်တော့ အသံတိမ်ဝင်သွားသည်။
သို့ပေမယ့် သူမက လည်ချောင်းရှင်းကာ
ဆက်ပြောလာသည်။

LOVE or PLAY {Complete}Where stories live. Discover now