Part_10

8.4K 758 5
                                    

Unicode~

"ဘယ်အချိန် အိမ်ပြန်လာမှာလဲ...ကော"

"မင်းကရော ဒီကွန်ဒိုကနေ
ဘယ်အချိန် ကိုယ့်အိမ်ကိုယ်ပြန်မှာလဲ"

ဒီကောင်လေး ရောက်လာကတည်းက
သူ့ကိုပွတ်သီးပွတ်သတ်လုပ်ပြီး နမ်းသည်။
အခုလဲ  တစ်ကမ္ဘာလုံးရဲ့
အပြစ်ကင်းဆုံးမျက်နှာငယ်လေးနဲ့
စားပွဲပေါ် မေးထောက်ကာ ထိုင်နေပြန်သည်။

"ကောမှ ပြန်မလိုက်တာ"

ရှောင်းကျန့် သက်ပြင်းအသာချကာ
အခန်းထဲဝင်ဖို့ ပြင်တော့
ရိပေါ်က သူ့အနောက်မှ ကပ်လိုက်လာသည်။

"ဘာ...ဘာလုပ်မလို့လဲ"

"..."

မျက်လုံးဝိုင်းလေးနဲ့ ကြည့်လာပြန်သည်။
နေပါဦး။ဝမ်ရိပေါ်က ဘာဖြစ်ချင်နေတာလဲ။

ရိပေါ်က သူ့ကို ရုတ်တရက် ပင့်ချီကာ
အိပ်ခန်းတံခါးကို ဖွင့်ပြီး ကုတင်ပေါ် ချပေးလိုက်သည်။

ရိပေါ်က ရှောင်းကျန့်ကို အုပ်မိုးကာ
အရည်ရွှမ်းနေတဲ့ မျက်လုံးအစုံနဲ့ ကြည့်နေသည်။
ရှောင်းကျန့်ရဲ့ တီရှပ်အတွင်းဘက်ကို
ရိပေါ်ရဲ့ လက်တွေက ဝင်ရောက်ကာ ပွတ်သပ်သည်။

"ဟင့်..အွန့်!!"

အချိန်အတော်ကြာအောင် နှခမ်းသားတွေကို အငမ်းမရ စုပ်ယူခြင်းခံရသည်။
ရှောင်းကျန့် အသက်ရှူမဝဖြစ်လာ၍
ရင်ဘတ်ကို လက်သီးဆုပ်နဲ့ ထိုးလိုက်မှ
ရိပေါ်ကလွှတ်ပေးသည်။

သူ့အောက်ပိုင်းကို ရိပေါ်က ကြည့်နေတော့

"ရိပေါ်...မင်း..မင်းမလုပ်နဲ့နော်"

"အဲ့ဒါဆို အိမ်ပြန်ပြီး ကျွန်တော်နဲ့ လက်ထပ်ပါ့မယ်လို့ပြော"

"ဘာ!!!"

ရှောင်းကျန့် အသံကုန်အောင် အော်ပစ်လိုက်သည်။
လက်ထပ်မယ့် ကိစ္စကို ဒီနည်းနဲ့
ခြိမ်းခြောက်စရာလား။

"ကော လက်မခံဘူးဆို ကျွန်တော် ရှေ့ဆက်"

လည်တိုင်ကို နမ်းရှိုက်ဖို့ ပြင်လာတဲ့ ရိပေါ် ကို
သူ အမြန်တားလိုက်ရသည်။

"ခဏလေးနေပါဦး..ခဏလေး"

"အင်း"

ရိပေါ်က ခေါင်းတစ်ချက်ငြိမ့်ပြပြီး
ရှောင်းကျန့်ပါးကို ဖွဖွလေးလာနမ်းသည်။
တစ်နည်းမဟုတ် တစ်နည်းနဲ့ အခွင့်အရေးယူနေတော့တာပဲ။

LOVE or PLAY {Complete}Where stories live. Discover now