Part_15 🚨

9.4K 717 20
                                    

Unicode~

Warning🔞

"ငါမေးနေတယ်လေ
မင်းဘာပြန်ပြောခဲ့လဲ!!"

ကောရဲ့ မေးခွန်းများကို သူပြန်မဖြေနိုင်ပါ။
ကားပါကင်က ပုံအချို့ကို အရင်ပို့လာတုန်းက Dating ထွက်ရင်တောင် နှစ်ယောက်လုံးအတွက် ပြဿနာကြီးကြီးမားမားမရှိ၍
ဖြန့်ချင်ရင် ဖြန့်ဟု သူ့အနေနဲ့ ပြောလိုက်ခြင်းပင်။
ဒါပေမယ့် နောက်ထပ်ပို့လာတဲ့
ကောက သူ့ကို အိမ်ထဲ တွဲခေါ်သွားတဲ့
ပုံတွေကိုတော့ လုံးဝမဖြန့်စေချင်သောကြောင့်
ပရောဂျက်ကို အမြန်ဖျက်သိမ်းခိုင်းလိုက်သည်။
ဒါပေမယ့် ဟိုဘက်က ကတိမတည်ဘဲ
ပုံတွေအကုန် ဖြန့်လိုက်သည်။

ကောက သူ့ကို လှည့်တောင် မကြည့်ဘဲ
ကျောခိုင်းကာ ဒေါသတကြီးပြောနေသည်။

"မင်းက တကယ်စိတ်ပျက်ဖို့ကောင်းတာ သိလား"

"ကော...ကျွန်တော့ဖြေရှင်းချက်တွေကိုလဲ
နားထောင်ပေးပါဦး"

"ဘာမှ ဖြေရှင်းနေစရာ မလိုဘူး!!"

ပြောရင်း ရှောင်းကျန့်က ရိပေါ်ကို ဖုန်းနဲ့ ပစ်ပေါက်လိုက်သည်။ chat Ss တစ်ခုက ဖုန်း Screen ပေါ်မှာ အထင်းသား။

"ငါ့ကို မင်းကြည့်မရလို့ တမင် သိက္ခာချတာ၊
အခုလိုပြုမူလိုက်တာကလေ
ငါ့အဖေရဲ့ ပေးကမ်းတာကို ယူပြီး
ငါ့ကိုပါအပိုင်သိမ်းတာ၊
ငါတို့ လက်ထပ်လိုက်ရင်တောင် မင်းက ကုမ္ပဏီမှာ အလုပ်လုပ်ရပြီး ငါက မင်းပြန်လာတာကို စောင့်နေရတဲ့ ခပ်ညံ့ညံ့လူတစ်ယောက်ဖြစ်အောင်
မင်းတမင်လုပ်ယူလိုက်တာ"

"ကော!!"

ခေါ်တဲ့ လေယူလေသွေးအရဆို
သူ့စကားကို ရိပေါ်စိတ်ဆိုးသွားပြီထင်သည်။
သူလိုချင်တဲ့အခြေအနေတစ်ခုကို ဖြည်းဖြည်းချင်းရောက်လာပြီ။ထိုနောက် ထိုင်နေရာက ထကာ
သက်ပြင်းအရှည်ကြီးချရင်း ပြောလိုက်သည်။

"ကွာရှင်းကြရအောင်
ငါတို့ နှစ်ယောက်စလုံး သာမန်အတိုင်း
ဘဝကို ဖြတ်သန်း..အွန့်.."

ရှောင်းကျန့်စကားမဆုံးခင်
အနမ်းတွေနဲ့ အပိတ်ခံလိုက်ရသည်။
ရိပေါ်ရဲ့ လျှာက သူ့ခံတွင်းတစ်ခုလုံးနှံ့အောင်အတော်အတန်ကြာအောင် မွှေနှောက်နေတာမို့ အသက်ရှူရခက်လာကာ ရိပေါ်ရဲ့ ရင်ဘတ်ကို
တစ်ဘုန်းဘုန်းထုရိုက်တော့သည်။

LOVE or PLAY {Complete}Where stories live. Discover now