P_3 (zawgyi)

1.3K 111 21
                                    

"မဟုတ်ဘူး အလှလေးရဲ့"

ပြောရင်းနဲ့မှ ကျွန်တော်သဘောကျစွာ ရယ်မိတော့၏။ ပြီးမှ ဆက်ပြီး...

"ကိုယ်တို့ လေပေါ်ပျံနေတာ မဟုတ်ဘူး အလှလေးရဲ့။ ဒါဘယ်လိုပြောရမလဲ။ မြင်းကို သိတယ်မဟုတ်လား။ တက်စီးလို့ရတယ်လေ"

ကျွန်တော်သူ့ဘက်ကို ငဲ့ကြည့်တော့ သိတယ်ဆိုတဲ့သဘော  ခေါင်းတစ်ချက် ညိတ်ပြလာတယ်။

"အင်း။ အဲ့လိုမျိုးပဲ။ ဒါကိုကြတော့ 'ကား'လို့ခေါ်တယ်။ ကိုယ်သွားချင်တဲ့ နေရာကို သူနဲ့သွားလို့ရတယ်"

< သြော်... အမိန့်ပေးပြီး ခိုင်းရတာကိုး >

"အာ။ မဟုတ်ဘူး အလှလေးရဲ့။ အမိန့်ပေးရတာ မဟုတ်ဘူး။ အလှလေးနားလည်အောင် ဘယ်လိုပြောရမလဲ။ ဒါက သက်ရှိမဟုတ်ဘူး။ သက်မဲ့ စက်ပစ္စည်း။ အဲ့ဒါကြောင့် ကိုယ်သွားချင်တဲ့ နေရာကို ကိုယ်ဘာကို မောင်းပြီး သွားရတာမျိုး"

< ..... >

"အင်း... နားမလည်ဘူးမလား။ ထားလိုက်တော့ ကိုယ်လည်းမရှင်းပြတတ်တော့ဘူး"

ကျွန်တော့်စကားဆုံးတော့ အလှလေးက မျက်မှောင်ကြုတ်တယ်။ ငွေရောင်းသမ်းပြီး အမူအယာမဲ့နေတဲ့ ခပ်တည်တည် မျက်နှာလေးပေါ်မှာ တွန့်ကွေးသွားတဲ့ မျက်ခုံးနှစ်ခု။ မနေ့ညက ညဘက်မို့ သိပ်မသိသာပေမယ့် အခုနံနက်ခင်းပိုင်းမှာတော့ အလှလေးဟာ 'အလှလေး'ဆိုတဲ့ ဝေါဟာရထက် အဆတစ်ရာ၊ မဟုတ်သေးဘူး အဆတစ်ထောင်၊ တစ်သောင်းလောက်ကို ပိုလှနေတယ်။

ဘေးမှာ အလှလေးပါလို့လားတော့ မသိဘူး။ တစ်ညလုံး ကားမောင်းလာခဲ့ရပေမယ့် ပင်ပန်းမနေဘဲ အရမ်းကို လန်းဆန်းတက်ကြွနေတယ်။ ပြီးတော့ အလှလေးက ဘီပိ ကလေးလေးလိုပဲ အရမ်းကို ချစ်စရာကောင်းနေပြန်တယ်။ ညတုန်းကကျတော့ မှောင်နေလို့ထင်ပါရဲ့ ကျွန်တော့်ဘေးမှာ ငြိမ်ငြိမ်လေးလိုက်လာတယ်။ အခုမနက်ခင်း အလင်းရောင်ရတဲ့ အချိန်ကစပြီး အလှလေးက ဂနာမငြိမ်တော့ပါ။

ကားမှန်ပြတင်းကနေပြီး အပြင်ဘက်ကို ခေါင်းထွက်ပြီးလေညှင်းခံတယ်။ ခေါင်းမထွက်ရဘူးလို့ ကျွန်တော်ပြောတော့ ခေါင်းပြန်ဝင်ပြီး လက်တွေထုတ်တယ်။ ကောင်းကင်ကြီးကို မော့မော့ကြည့်ပြီး သူ့မျက်လုံးတွေကို လက်ဖဝါးနဲ့ အုပ်လိုက် ပြန်ဖယ်ပြီး ကြည့်လိုက်နဲ့ အဆက်မပြတ်လုပ်နေတယ်။

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now