P_14 (Uni)

1.5K 304 119
                                    

ကျွန်တော်တို့ အိမ်ထဲရောက်တော့ ကိုထူးအောင်အမေက ထမင်းပွဲပြင်တယ်။ အလှလေးအတွက်ပါ ပြင်နေတာမို့ လမ်းမှာ သူမုန့်တွေစားလာလို့ ဗိုက်ပြည့်နေလို့ပါဆိုပြီး အားနာနာနဲ့ ငြင်းရသေးတယ်။ ဒါတောင် အန်တီက ဝင်သလောက်လေးစားပါဆိုပြီး ဇွတ်တွေကျွေးတယ်။ နောက်ဆုံး ကိုထူးအောင်က ငြင်းပေးမှပဲ အဆင်ပြေတော့တယ်။

ကိုထူးအောင်တို့ရွာ ဘုရားပွဲက လာသမျှဧည့်သည်တွေကို ထမင်းကျွေးတာထင်တယ်။ ချက်ထားလိုက်တာက အလျှံပယ်ပဲ။ ဟင်းတွေကလည်း စုံမှစုံ။ ကြက်သား၊ ဝက်သား၊ ခရမ်းချဉ်သီးငပိချက်၊ သီးစုံချဉ်ရည်ဟင်း၊ ငရုတ်သီးကြော်၊ ကုလားပဲနှပ်၊ ပြီးတော့ ငါးပေါင်း။ အို စုံနေတာပဲ။

"ကိုကြီးခန့်စည်သူ...ကိုကြီးခန့်စည်သူ..."

ကျွန်တော်တို့ ထမင်းစားနေတုန်း ကိုခန့်စည်သူရဲ့ နာမည်ကိုခေါ်ပြီး အိမ်ထဲကို ဆိုင်ကယ်ကိုယ်စီနဲ့ လူငယ်တစ်စုဝင်လာကြတယ်။

ဘုရားပွဲက ဇာတ်ပွဲပါတာမို့ ပွဲလာကြည့်ကြတာတဲ့။ ပွဲခင်းနေရာက အရမ်းစည်းကားနေတော့ ဆိုင်ကယ်ထားလို့ မလွယ်တာကြောင့် သူတို့နဲ့ခင်တဲ့ ကိုခန့်စည်သူရဲ့အိမ်မှာ ဆိုင်ကယ်ဝင်ထားကြတာ။ အင်း ပွဲခင်းမှာထားတာထက်စာရင် ဒီလိုမျိုး အသိအိမ်မှာထားရတာက ပိုပြီး အဆင်ပြေတာပေါ့။

"ခန့်စည်သူရေ ကလေးတွေကို ထမင်းတွေဘာတွေ ကျွေးရအောင် အိမ်ထဲခေါ်လေကွယ်"

ကိုထူးအောင်အမေက လှမ်းပြီးပြောလိုက်တော့ ကလေးတွေက မစားတော့ဘူးဘာညာဆိုပြီး ငြင်းနေကြတာထင်ပါရဲ့ ခေါင်းတွေခါယမ်းနေကြတယ်။

နောက်တော့ ကိုခန့်စည်သူကို နှုတ်ဆက်ပြီး အပြင်ပြန်ထွက်သွားကြလေရဲ့...

ကျွန်တော်ထမင်းစားပြီးတော့ အလှလေးအတွက် ပန်းရှာဖို့ လုံးပန်းရတယ်။ ဒီရွာမှာ ပန်းဆိုင်ဘယ်နားရှိလဲဆိုပြီး ကိုထူးအောင်ကိုမေးတော့ ပန်းဆိုင်ရှာစရာမလိုဘူး။ သူတို့အိမ်မှာ ပန်းတွေရှိတယ်တဲ့ သူကပြန်ဖြေတယ်။ ကျွန်တော်က ဝမ်းသားအားရနဲ့ ဘယ်မှာလဲလို့မေးလိုက်တော့ အိမ်ရှေ့က ဂွေးတောက်ပင်ကို လက်ညှိုးထိုးပြလေရဲ့...

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now