P_22 (Uni)

1K 101 37
                                    

" ×× ကမ်းခြေနှင့်အနီး ×× ပင်လယ်ပြင်တွင် မိုးလေဝသ ကြိုတင်သတိပေးချက်များ မရှိပါဘဲနှင့် လှိုင်းလုံးကြီးများဖြစ်ပေါ်။ အဆိုပါ လှိုင်းလုံးကြီးများ၏ အမြင့်ပေသည် (၂၂)ပေအထိ ရှိသော်လည်း အံ့သြစရာကောင်းလောက်အောင် ကမ်းပေါ်သို့ တက်မလာချေ။ ထိုအဖြစ်အပျက်ကြောင့် မြန်မာနိုင်ငံတွင်ပါမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပင် အုတ်သြသောင်းနင်းဖြစ်လျက်ရှိပြီး မိုးလေဝသနှင့် ဇလဗေဒပညာရှင်များကတော့ ကနဦး အစပိုင်းတွင် ရေအောက်ငလျင်တစ်ခု လှုပ်ခတ်သည်ဟု ခန့်မှန်းကြသော်လည်း သေသေချာချာ စစ်ဆေးကြည့်တဲ့အခါမှာတော့ ဘာငလျင်လှုပ်ခတ်မှု၊ အရိပ်အယောင်မှ ရှိမနေပြန်ဘူးဟု သတင်းစကားများအရ သိရပါသည်။ လက်ရှိမှာတော့ ထိုအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ရေရေရာရာ ဘာမျှ မသိရသေးပေ"

ကိုယ်တိုင်ရိုက် ဗီဒီယို အမျိုးမျိုးဖြင့် Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အဆက်မပြတ်တက်လာသော သတင်းများဖြစ်သည်။

ထိုသတင်းများကြောင့် တချို့လူတွေ အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြတာရှိသလို၊ တချို့သည်လည်း အေးအေးဆေးဆေးပင်။ ဗေဒင်ဆရာများ၊ ရှေ့ဖြစ်ဟောဆရာများကတော့ နောက်ထပ် ဘာတွေထပ်ဖြစ်နိုင်သေးတယ်ဆိုတဲ့အကြောင်းကို အမျိုးမျိုး ဟောပြောကြပြီး၊ ပရလောကကို ယုံကြည်သက်ဝင်သူများကတော့ မြန်မာနိုင်ငံကြီး ဘေးဒုက္ခရောက်တော့မည်ဟု သူတို့ထင်ရာကို ပြောဆိုကြတော့သည်။ ထို့အပြင် တချို့ နတ်ကိုးကွယ်သူများသည်ပင် ဦးသျှင်ကြီး တန်ခိုးပြသည်ဟုပင် ပြောဆိုလာကြတော့သည်။

ထိုသတင်းများ၏မူလအရင်းအမြစ် ၊ ဖန်တီးရှင်သည်ကတော့... ဟိုတယ်အခန်းတစ်ခုထဲတွင် အေးအေးဆေးဆေးရှိလျက်...

"အလှလေး... နောက်တစ်ခါကျ အဲ့လို မလုပ်နဲ့ကွာ"

"……"

"ရေအောက်မို့ မင်းကို ဘယ်သူမှ ခြေရာခံလို့မရဘူးဆိုပေမဲ့ ငါစိတ်ပူတယ်"

"……"

"ကောင်းကင်ဘုံက ခြေရာခံလို့မရပေမဲ့ ဟိုတစ်ယောက်က ခြေရာခံလို့ရနေရင် ဘယ်လိုလုပ်မလဲ"

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now