ဒီနေရာက အလှလေးနေခဲ့တဲ့ နေရာဖြစ်တာမို့ ပတ်ဝန်းကျင်ကို သေသေချာချာလေး ပြန်ပြီး အကဲခတ်ကြည့်လိုက်တယ်။
ကောင်းကင်ကြီးက မှောင်နေတယ်။ ဒါပေမယ့် ညမှောင်သလို မှောင်နေတာမျိုးမဟုတ်။ နည်းနည်းပါးပါးတော့ လင်းနေသေးတယ်။ ဘယ်လိုပြောရမလဲ။ တိမ်တွေအရမ်းထူးထပ်ပြီး မှောင်နေသလိုမျိုး။ မိုးမှောင်ကျသလိုမျိုး။ မှောင်တော့မှောင်နေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကိုလည်း မြင်နေရသေးတယ်။ အဲ့လိုမျိုး။
"ကလေးတွေမှာ ဘာအပြစ်မှမရှိပါဘူး"
ဝတ်ရုံအနက်နဲ့လူက ပြောလိုက်တယ်။ အခု သေချာနားထောင်ကြည့်မှ ဒီအသံကို ကျွန်တော်ကြားဖူးနေသလိုပဲ။ ဘယ်မှာကြားဖူးတာပါလိမ့်။ မမှတ်မိတော့ဘူး။
[ငါ့တုန်းကလည်း ဘာအပြစ်မှမရှိခဲ့ဘူး]
ဝတ်ရုံအနက်နဲ့လူက အလှလေးဘက်ကို လှည့်တယ်။ သက်ပြင်းချတယ်။ စိတ်မပါလက်မပါနဲ့ ခေါင်းကိုညိတ်တယ်။ အလှလေးကတော့ ဘာမှထပ်မပြော။
နောက်တော့ ကျွန်တော်မြင်ရတဲ့ မြင်ကွင်းတွေပြောင်းလဲသွားတယ်။
အခု အခန်းက ခုနကထက် ပိုပြီးတော့ မှောင်နေတယ်။ အခန်းရဲ့အလယ်လောက်မှာ မီးအိမ်လေး ထွန်းထားတာကို တွေ့ရတယ်။ အဲ့မီးအိမ်လေးရဲ့ဘေးမှာ အလှလေးက ထိုင်နေတယ်။ ကျွန်တော်အလှလေးအနားကို သွားပြီး ဘေးမှာဝင်ထိုင်လိုက်တယ်။
[ရောက်လာပြီလား]
"....."
အလှလေးက ကျွန်တော့်ကို မြင်နေရတာလား။
ကျွန်တော် အားရဝမ်းသာနဲ့ ပြန်ဖြေဖို့ ပြင်နေတုန်းမှာပဲ ဝတ်ရုံအနက်နဲ့လူက အလှလေးအနားကို ရောက်လာတာ တွေ့လိုက်ရတာကြောင့် ကျွန်တော်ရှက်ရမ်းယမ်းပြီး ရယ်နေလိုက်ရတယ်။
နောက်တော့ သူတို့နှစ်ယောက် ဆွေးနွေးနေကြတယ်။
နောက်သုံးရက်ကြာရင် ဒီနေရာမှာ မိုးရွာလိမ့်မယ်။ မိုးမရွာတာ အတော်လေးကို ကြာခဲ့ပြီမို့ အားလုံးဟာ ပျော်ရွှင်မြူးတူးပြီး မိုးရေအောက်ကို ဝင်ကြလိမ့်မယ်။ ဟိုး တံတိုင်းအမြင့်ကြီး ကာရံထားတဲ့ခြံကို စောင့်နေရတဲ့ အစောင့်တွေလည်း ကျန်နေလိမ့်မယ်မဟုတ်။ အဲ့လို အကုန်လုံး သတိလက်လွတ်ဖြစ်သွားကြတာနဲ့ အဲ့တံတိုင်းတွေကာရံထားတဲ့ ခြံရဲ့အလယ်မှာရှိနေတဲ့ လရောင်ဆမ်းပန်းကို ဝတ်ရုံအနက်နဲ့လူက သွားခိုးရမယ်။ ပြီးရင် အလှလေးကိုပေး။ အလှလေးက အဲ့ပန်းကိုစားပြီး ကျန်တာဆက်လုပ်မယ်တဲ့။ ကျွန်တော်ဘာမှ နားမလည်။ အလှလေးက ဘာများလုပ်မလို့ပါလိမ့်။
YOU ARE READING
အလွေလး / အလှလေး (ရပ်နား)
RomanceFiction ဆိုတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အပြင်မှာ တကယ်မရှိပါဘူး။