"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ အရှင်"
"သူက လူစစ်စစ်လား"
"ဟုတ်ပါတယ်အရှင်။ သူက လူစစ်စစ်ပါ"
"ငါတို့ ကောင်းကင်ဘုရင်ဆီကို အကြောင်းကြားသင့်လား"
"ကျွန်တော်မျိုးအထင်တော့ သူ့ကို အရင်ဆုံး စစ်မေးသင့်တယ်လို့ ထင်ပါတယ်အရှင်။ သူ့ကို စစ်မေးပြီးလို့ သူ ဘာကြောင့် အခုလိုမျိုး ရောက်လာရတယ်ဆိုတာကိုသိမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်"
"အင်... မင်းပြောတာ နည်းလမ်းကျတယ်။ အဲ့ဒီ ထူးဆန်းတဲ့ဝိညာဥ်ကို ခေါ်လာစေ"
"ဟုတ်ကဲ့အရှင်"
တမလွန်အရှင်ရဲ့အမိန့်ကြောင့် ငယ်သားမှာ ခပ်သွက်သွက် ထွက်သွားလေပြီး ခေတ္တကြာတော့ ထူးဆန်းတယ်ဆိုတဲ့ဝိညာဥ်ကို ခေါ်ပြီး တမလွန်အရှင်ရဲ့ အရှေ့ကို ပြန်ရောက်လာခဲ့တယ်။
"ကျွန်တော်မျိုးတို့ ရောက်ပါပြီ အရှင်"
ငယ်သားရဲ့ အပြောကို အသိအမှတ်ပြုတဲ့အနေနဲ့ အရှင်က ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့ ငယ်သားခေါ်ဆောင်လာတဲ့ ဝိညာဥ်ကို မေးခွန်းတွေ စမေးလေတယ်။
"မောင်မင်းနာမည် ဘယ်လိုခေါ်လဲ"
"မိုးမစဲပါ"
"ဘယ်မြို့ကလဲ"
"စစ်ကိုင်းမြို့"
"မောင်မင်း သေနှစ်မစေ့သေးဘူး။ ဘယ်လိုမျိုး သေဆုံးခဲ့ရတာလဲ"
အရှင့်ရဲ့အမေးကို မိုးမစဲက ရုတ်တရက် ပြန်မဖြေနိုင်ခဲ့ပါ။ တော်တော်ကြာကြာလေး စဥ်းစားပြီးမှ ယောင်ဝါးဝါးဖြင့် ပြန်ဖြေလေတယ်။
"ကျွန်တော် မသိပါဘူး။ ကျွန်တော် မိုးရွာထဲ မိုးရေထွက်ချိုးရင်းနဲ့ နည်းနည်းကြာတော့ ခန္ဓာကိုယ်အတွင်းထဲကနေ အရမ်းတွေပူလောင်လာပြီး အခုလိုဖြစ်သွားတော့တာ"
"ဟမ်!! မိုးရေကြောင့် အခုလိုဖြစ်သွားရတာ ဟုတ်လား။ မောင်မင်း အဲ့လိုမျိုး မဖြစ်ခင်က ထူးဆန်းတဲ့အဖြစ်အပျက်တွေဘာတွေရော ဖြစ်ခဲ့ဖူးသလား"
တမလွန်အရှင်က လေးလေးနက်နက် မေး၏။
"ဟုတ်ကဲ့ ရှိပါတယ်။ ကျွန်တော် ဓားထိုးခံရတော့ အရမ်းလှတဲ့ လူတစ်ယောက်ရောက်လာပြီး ကျွန်တော့်ကို သူ့သွေးတိုက်တယ်။ သူ့ရဲ့သွေး ကျွန်တော့်ကိုယ်ထဲ ဝင်သွားတယ်ဆိုရင်ပဲ ဒဏ်ရာက လုံးဝအကောင်းအတိုင်း ပြန်ဖြစ်သွားတယ်"
ESTÁS LEYENDO
အလွေလး / အလှလေး (ရပ်နား)
RomanceFiction ဆိုတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အပြင်မှာ တကယ်မရှိပါဘူး။