P_15 (Uni)

1.5K 306 89
                                    

ညဘက်ဖြစ်တာမို့ ကားကို ဂရုစိုက်ပြီး မောင်းနေရတယ်။ အစကတော့ ကိုထူးအောင်တို့အိမ်မှာ တစ်ညအိပ်ပြီးမှ ခရီးဆက်မယ်ဆိုပြီး တွေးထားခဲ့တာ။ အခုတော့ အလှလေးရဲ့ လုပ်ရပ်တစ်ခုကြောင့် ကျွန်တော် အဲ့ဒီမှာဆက်မနေချင်တော့။ အလှလေးကို လူထူးလူဆန်းတစ်ယောက်လို ကြည့်လာကြမယ့် အကြည့်တွေကို ကျွန်တော်မခံနိုင်။ အဲ့ဒါကြောင့် ကိုထူးအောင်တို့အတွဲကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ထွက်လာခဲ့လိုက်တယ်။

"ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ အဲ့လိုထပ်မလုပ်ပေးရဘူးနော် အလှလေး။ မင်းရဲ့သွေးစက်ကို ဘယ်သူ့ကိုမှ ထပ်မပေးနဲ့ ကြားလား"

ကျွန်တော်ပြောတော့ အလှလေးက ခေါင်းကိုညိတ်တယ်။ တကယ်တော့ အလှလေးအပြစ်တော့လည်း မဟုတ်ပါဘူး။ သူကတော့ ဒီတိုင်းရိုးရိုးလေးပဲ ဒဏ်ရာရနေတဲ့လူသားတစ်ယောက်ကို ကယ်တင်လိုက်တယ်ပေါ့။ အဲ့လိုပဲ တွေးမိနေမှာ။

ဒါပေမယ့် လူတွေနဲ့အတူနေရင် လူတွေနဲ့သွေဖီနေလို့ မဖြစ်ဘူးလေ။ အလှလေးမှာ အစွမ်းရှိတာဘာညာကို လူသားတွေသိလို့မဖြစ်ဘူး။ လူသားတွေက အရက်စက်ဆုံး သတ္တဝါတွေဖြစ်ကြတာမို့။ အလှလေးကို ဖမ်းဆီးထားခဲ့ဖူးတဲ့ မျိုးနွယ်တွေထပ်တောင် ကျွန်တော်တို့လို သာမန်လူသားတွေက ပိုပြီးရက်စက်တတ်ကြတာမို့။

"ဂျိမ်း!!!"

မိုးရိပ်တွေလည်းမရှိပါဘဲနဲ့ ရုတ်တရက်ကြီး မိုးကခြိမ်းလာတာကြောင့် ကျွန်တော်ကိုယ်လေး တုန်တက်သွားရတယ်။ ဘေးက အလှလေးကို အဆင်ပြေရဲ့လား လှည့်ကြည့်မိတော့ အလှလေးမျက်နှာအမူအရာက နည်းနည်းပြောင်းလဲနေတာကို တွေ့လိုက်ရတာကြောင့် ကျွန်တော့်မှာ အံ့သြလို့မဆုံး။

စိတ်ထဲမှာ အလိုလိုခံစားမိနေတာက စိုးရိမ်ထိတ်လန့်နေတဲ့အလှလေး။ ကျွန်တော်မယုံနိုင်ခြင်းများစွာနဲ့ သူ့ကိုထပ်ကြည့်မိတယ်။

"အလှလေး..."

"ကျွီ!!"

ရုတ်တရက်ကြီး ကားက ထိုးရပ်သွားတယ်။ မကြာဘူး။ ကားရပ်ပြီး ခဏနေတော့ မိုးက ချက်ချင်းရွာချလာတယ်။ ကျွန်တော် ကားစက်ကို ကြိုးစားပြီးနှိုးကြည့်ပေမယ့် နှိုးမရ။

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now