P_19 (Uni)

1.4K 216 78
                                    

ကျွန်တော် သတိရလာတော့ မိုးနတ်သခင်လေးကို မတွေ့ရတော့ဘူး။ အလှလေးတစ်ယောက်တည်းပဲ ဘေးမှာ ထိုင်နေတာကို တွေ့ရတယ်။

"အလှလေး"

ကျွန်တော် အလှလေးကို တင်းတင်းကျပ်ကျပ် ဆွဲဖက်ပစ်လိုက်တယ်။ တော်ပါသေးတယ်။ အလှလေးရှိနေသေးလို့၊ ကျွန်တော်သတိရလာရင် အလှလေးရှိတော့ပါ့မလားဆိုပြီး တွေးပူနေခဲ့တာ...

"နောက် အဲ့လိုမဖြစ်စေရပါဘူးကွာ နော်"

အစကတော့ မိုးနတ်ကခင်လေးက ဘလိုင်းကြီး ကျွန်တော့်ကိုလာရိုက်လို့ အရမ်းဒေါသထွက်သွားခဲ့တာ။ ဒါပေမဲ့ ကျွန်တော် သတိမေ့နေတုန်းမှာ မိုးနတ်သခင်လေးက ကျွန်တော့်ကို အိပ်မက်ပေးခဲ့တယ်။

ကျွန်တော်တို့ အရင်တစ်ခါ ကိုထူးအောင်တို့ရွာမှာတုန်းက ဓားထိုးခံရတဲ့လူတစ်ယောက်ကို အလှလေးက သူ့သွေးတစ်စက် တိုက်ပြီး အသက်ကယ်ခဲ့ဖူးတယ်။ ကျွန်တော် အဲ့လူကို တကယ်မေ့နေခဲ့တာ။ လုံးဝ သတိမရဘူးဆိုရင် ပိုပြီးမှန်မယ်ထင်တယ်။

အလှလေးရဲ့သွေးက မိုးရေနဲ့ ဓာတ်မတည့်ဘူး။ အဲ့တော့ အလှလေးရဲ့သွေးတစ်စက် ရောက်ရှိနေတဲ့ ဘယ်ခန္ဓာကိုယ်မဆို မိုးရေကို ထိလို့မရတော့ဘူး။ ထိရင် အရည်ပျော်ပြီး ပျောက်ကွယ်သွားရမှာ။ အလှလေးကို ဖမ်းဆီးထားတဲ့ မျိုးနွယ်စုတွေလိုပေါ့။

အလှလေးက အဲ့ဓားဒဏ်ရာနဲ့လူကို သွေးတစ်စက်တိုက်ပြီးတာနဲ့ ကျွန်တော်တို့က ချက်ချင်းပြန်လာကြတာဆိုတော့ အလှလေးရဲ့သွေးက မိုးရေနဲ့မထိရဘူးဘာညာကို အဲ့တစ်ယောက်ကို မပြောခဲ့ရဘူး။ အဲ့တော့ အဲ့တစ်ယောက်အနေနဲ့ ဘာမှမသိဘူးပေါ့။

ဟိုးတစ်လောတုန်းက အဲ့တစ်ယောက် ဆုံးပါးသွားတယ်တဲ့။ ဆုံးပါးရတဲ့အကြောင်းကလည်း မိုးရေနဲ့ထိလို့၊ အဲ့လိုကြားတော့ ကျွန်တော် တကယ် စိတ်မကောင်းဘူး။ အလှလေးလည်း စိတ်ကောင်းမှာမဟုတ်ဘူး။ သူက ကယ်ချင်ခဲ့တာ။ ဒါပေမဲ့ သူ့ကြောင့်ပဲ အသက်သေသွားရတော့ သူလည်း ဘယ်စိတ်ကောင်းမလဲ။

အဲ့ဒါ ထားပါတော့လေ... အဓိကအကြောင်းအရာက အခုမှလာမှာ။ အဲ့တစ်ယောက်သေဆုံးသွားတော့ သူ့ဝိညာဥ်က တမလွန်ပြည်ကို ရောက်သွားတယ်တဲ့။ အဲ့မှာ သူက သေနှစ်မစေ့သေးဘဲ ရောက်လာတဲ့အတွက် တမလွန်အရှင်ကလည်း စစ်ဆေးမေးမြန်ခဲ့တယ်။ အဲ့လို စစ်ဆေးမေးမြန်းတော့ အလှလေးနဲ့ ပတ်သက်လိမ့်မယ်လို့ သူကထင်တာကြောင့် မိုးနတ်သခင်လေးကို ခေါ်ပြခဲ့တယ်။

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now