P_10 (zawgyi)

848 83 11
                                    

ကျွန်တော်နိုးလာပြီး ဘေးကိုကြည့်တော့ အလှလေးကို မတွေ့ရ။ ဘယ်မှာပါလိမ့်ဆိုပြီး ဟိုဒီလျှောက်လို့ မျက်လုံးကစားကြည့်တော့ အိမ်ရဲ့အမှောင်အကျဆုံး အခန်းထောင့်မှာ ထိုင်နေတာကို တွေ့ရတယ်။

အလှလေးက ငြိမ်ငြိမ်နေလိုက် တအောင့်လောက်ကြာရင် သူ့ဘေးနားက ဘာတွေကိုလဲမသိဘူး ကောက်ကောက်ပြီး ဖန်ပုလင်းထဲကို ထည့်လိုက်နဲ့ အဆက်မပြတ်လုပ်နေတယ်။ မှောင်နေတာကြောင့် ဖန်ပုလင်းထဲက အရာတွေကို သဲသဲကွဲကွဲမမြင်ရ။ ဘာတွေလုပ်နေတာပါလိမ့်။

သိချင်စိတ်နဲ့ ကျွန်တော်ထပြီး အလှလေးအနားကို သွားလိုက်တယ်။ ကျွန်တော်သူ့အနားရောက်တော့ အလှလေးက ဖန်ပုလင်းကို ကျွန်တော့်ဆီ ကမ်းပေးလာတယ်။

"ဘာတွေလဲ"

ကျွန်တော်မေးရင်း ပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ မြင်လိုက်ရတာက မည်းမည်း အကောင်လေးတွေ။

"ငါစားဖို့ ဟုတ်လား"

ကျွန်တော် ထပ်ပြီးမေးတော့ အလှလေးက ခေါင်းကိုညိတ်တယ်။ ဘာအကောင်လေးတွေလဲဆိုပြီး ကျွန်တော်က အလင်းထဲကို ယူပြီးတော့ ကြည့်လိုက်တယ်။

"ခြင်တွေလား"

ကျွန်တော့်မှာ ရယ်ရခက်ခက် ငိုရခက်နဲ့။ ခြင်တွေကို ကျွန်တော်စားဖို့အတွက် ဖမ်းပေးတယ်တဲ့။ လက်စသတ်တော့ ခုနက ငြိမ်ငြိမ်လေးနေနေတာက ခြင်အကိုက်ခံနေတာပေါ့လေ။ ခြင်တွေထဲကို သူ့သွေးတွေရောက်တော့မှ သေအောင်လုပ်နေတာပေါ့။ ငါ့လခွမ်း...

"ဒါတွေက စားလို့မရဘူး အလှလေးရဲ့"

ကျွန်တော်ပြောတော့ နားမလည်သလိုမျိုး ကျွန်တော့်ကို ပြန်ပြီးတော့ကြည့်လာတယ်။ ဟုတ်တာပေါ့။ ဟိုနေ့က ကျွန်တော်သူ့အရှေ့မှာ ပုရစ်ကြော်ဝယ်စားခဲ့တာကိုး။ အဲ့ဒါကို အလှလေးက မြင်ထားတော့ ကျွန်တော့်ကို အကောင်တွေစားတယ်ထင်နေတာနေမှာ။ သြော်... ဒုက္ခ ဒုက္ခ...

"ပြပါဦး... မင်းလက်လေးတွေ"

ကျွန်တော်ပြောတော့ သူ့လက်တွေကို ဆန့်တန်းပြတယ်။ ခြင်ကိုက်ခံရတဲ့ အဖုအပိန့်တွေရှိနေမလားလို့ ကျွန်တော်က သေချာစစ်ဆေးကြည့်လိုက်တယ်။ ဘာမှတော့ မရှိဘူး။ ဒါပေမယ့် ခြင်အကိုက်ခံရရင် ငှက်ဖျားတွေဘာတွေ ဖြစ်တတ်တာမို့ ကျွန်တော့်မှာ စိတ်မအေးနိုင်။

"နောက်ဆို အဲ့အကောင်တွေ လာမကိုက်စေနဲ့ ကြားလား။ နေမကောင်းဖြစ်လိမ့်မယ်"

အလှလေးတို့ လူမျိုးတွေက ခြင်ကိုက်လို့ ငှက်ဖျားဖြစ်လား မဖြစ်လားတော့ သေချာမသိပေမယ့် ကျွန်တော် အလှလေးကို ဘာမှမဖြစ်စေချင်။

နောက်တော့ ကျွန်တော်မျက်နှာတွေဘာတွေသစ်ပြီး အလှလေးနဲ့အတူတူ မွေ့ယာဝယ်ဖို့ ထွက်လာခဲ့လိုက်တယ်။

ခန်းဝင်ပစ္စည်းရောင်းတဲ့ဆိုင်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အားလုံးရဲ့ မျက်လုံးတွေက အလှလေးဆီကို ရောက်လာကြတယ်။ ဒါလည်း သူတို့ကို အပြစ်တော့ပြောလို့မရဘူး။ အလှလေးက တကယ်ကို မျက်စိပဒေသရှိလှတာမို့။ ကျွန်တော်တောင် အကြည့်မရောက်ဘဲ မနေနိုင်ခဲ့။

ကျွန်တော်က အလှလေးကို ကြိုက်တာရွေးလို့ပြောလိုက်တယ်။ ဆိုင်က ဝန်ထမ်းလေးက ကျွန်တော်တို့ကို တစ်ခုပြီးတစ်ခု လိုက်လံပြသနေတယ်။

ကျွန်တော်ထိတဲ့ဟာ မှန်သမျှ အလှလေးက လိုက်ထိကြည့်နေတယ်။ ကျွန်တော်က တက်အိပ်ကြည့်လိုက်ဆိုရင် သူကတက်အိပ်ကြည့်တယ်။ ကျွန်တော်က ဘယ်လိုလဲ၊ သဘောကျရဲ့လားလို့မေးရင် သူကခေါင်းကိုညိတ်တယ်။ မသိရင် ကျွန်တော်တို့က အခုမှမင်္ဂလာဦးမယ့် စုံတွဲတွေလိုပဲ။ ကျွန်တော့်မှာ မပြုံးပဲ မနေနိုင်ခဲ့။ ဆိုင်က ဝန်ထမ်းတွေက ပြုံးစိစိ။ ကျွန်တော်ကတော့ အခုလိုမျိုး အထင်ခံရတာကို ကျိတ်ပြီး ကျေနပ်နေမိတယ်။

အပြန်ကျတော့ အလှလေးအတွက် နှင်းဆီပန်းပင်တွေ ဝယ်လာလိုက်တယ်။ သူ့ကို ကျွန်တော်ကိုယ်တိုင် စိုက်ပျိုးပြီးကျွေးချင်တာမို့။ အလှလေးကလည်း သဘောကျတယ်ထင် သူပျော်နေတယ်လို့ ကျွန်တော့်စိတ်ထဲမှာ အလိုလိုခံစားနေရတယ်။

အိမ်ရောက်တော့ အလှလေးနဲ့အတူတူ ပန်းပင်တွေ စိုက်ဖြစ်ကြတယ်။ ပြီးတော့ ရေအတူတူချိုး။ အလှလေးက ရှက်တာတွေဘာတွေ မဖြစ်ဘူး။ အက်ႌခြၽတ္ဆို ခြၽတ္ခ်ျပစ္လိုက္တာပဲ။ ဘောင်းဘီပါချွတ်ချနေလို့ ကျွန်တော့်မှာ မနည်းတားလိုက်ရသေး။ သူ့အတွင်းပစ္စည်းတွေကို မကြည့်ရဲလို့တော့ မဟုတ်ပါဘူး။ ရေချိုးရတာက ခြံထဲမှာမို့။ မတော် အပြင်ကနေ တစ်ယောက်ယောက်မြင်သွားမှဖြင့်။

အလှလေးရဲ့ အသားအရေက အတော်လေးကို ကောင်းမွန်လှတယ်။ ကျွန်တော်က သူ့အသားကို ထိချင်တော့ ရေချိုးတိုင်း နောက်ကျောတွေဂျေးတွန်းပေးမယ်ဆိုပြီး ညာညာပြီးပွတ်နေကျမို့ သိတယ်။ အတော်လေးကို ထိလို့ကောင်းတာ။ ဟိုနေရာလေးသာဆို ဘယ်လောက်တောင် ကိုင်လို့ကောင်းလိုက်မလဲနော်။ တွေးရင်းနဲ့ ကိုင်ချင်လာပြီ။ တစ်ရက်ရက်တော့ ညာပြီးကိုင်ကြည့်ဦးမယ်...

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now