P_9 (Zawgyi)

844 80 6
                                    

တစ်ရက်မှာတော့ အလှလေးဆီကို ဝတ်ရုံအနက်နဲ့ လူတစ်ယောက်ရောက်လာခဲ့တယ်။ အဲ့လူက သူ့ကိုယ်သူ မိတ်ဆက်တယ်။ သူက မိုးနတ်မင်းရဲ့ သားတော်ပါတဲ့။ အလှလေးတို့မျိုးနွယ်စုက သူ့ကိုကယ်တင်ဖူးတာမို့ အခုအလှလေးကို ပြန်ပြီးကူညီချင်တဲ့အကြောင်း ပြောလာခဲ့တယ်။ အဲ့အချိန်ကစပြီး အလှလေးဟာ လက်စားချေဖို့ ဆုံးဖြတ်ခဲ့တယ်။

အလှလေး နေရတဲ့ ဒီအဆောက်အဦးရဲ့ အကာအရံက အလှလေးတစ်ဦးတည်းအတွက်ပဲ သီးသန့်ပြုလုပ်ထားတာထင်တယ်။ ဘာလို့ဆို သူကလွဲရင် ဘယ်သူမဆို ဝင်ထွက်လို့ရနေတာမို့။ ဝတ်ရုံအနက်နဲ့လူလည်း ဝင်ထွက်လို့ရနေတယ်။

အလှလေး လွတ်မြောက်ဖို့အတွက် အစွမ်းကုန်ကူညီပေးမယ်လို့ မိုးနတ်သခင်လေးက ကတိပေးတယ်။ အလှလေးက လက်စားချေချင်တာဆိုတော့လည်း သူကမတားခဲ့ဘူး။ ဒါပေမယ့် သတ်တာဖြတ်တာတွေတော့ သူကမကြိုက်။

အလှလေးက ဝတ်ရုံအနက်နဲ့လူကို မိုးရွာချပေးဖို့ တောင်းဆိုခဲ့တယ်။ ဒီနေရာက ဘယ်နေရာလဲတော့ မသိပေမယ့် ဒီနေရာကို အလှလေးစရောက်ကတည်းက မိုးရွာတယ်လို့ မမြင်ဖူးခဲ့။ ဒီကလူတွေအကုန်လုံးကလည်း မိုးကိုမျှော်နေခဲ့ကြတာမို့ မိုးရွာချဖို့လိုအပ်တယ်။ မိုးသာရွာချလိုက်ရင် ပျော်ရွှင်ပြီး သတိလက်လွတ်တော့ ဖြစ်ကြမှာပဲ။ ဒါမှ လရောင်ဆမ်းပန်းကို ယူလို့ရမှာ။

လရောင်ဆမ်းပန်းသာ အလှလေးလက်ထဲရောက်လာခဲ့ရင် သွေးကိုထိန်းချုပ်နိုင်ပြီ။ ဒီမှာရှိသမျှလူအားလုံးက အလှလေးရဲ့သွေးကို မသောက်ဖူးတဲ့သူမရှိတာမို့။ အလှလေးသာ သွေးကိုထိန်းချုပ်နိုင်သွားရင် အားလုံးအဆင်ပြေပြီ။

-------------

လရောင်ဆမ်းပန်းကို စားပြီးတဲ့နောက်မှာတော့ အလှလေးဟာ သွေးကိုထိန်းချုပ်နိုင်လာခဲ့တယ်။ ဒါပေမယ့် အခုမှစပြီး ထိန်းချုပ်နိုင်တာမို့ ဒီကလူတွေအကုန်လုံးကို ထိန်းချုပ်နိုင်ဖို့က မလွယ်ကူ။ အင်အားအရမ်းကုန်မှာမို့။ အဲ့ဒါကြောင့် မသက်သာဘဲ မိုးရေကို အသုံးချလိုက်ရတယ်။ အလှလေးက သူ့ရဲ့သွေးကို မိုးရေနဲ့ ဓာတ်မတည့်အောင် လုပ်ပြစ်လိုက်တယ်။

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now