ဒီရက်ပိုင်းရိပေါ်မှာရုပ်ရှင်မင်းသားအလုပ်အပြင်နောက်ထပ်သောအလုပ်တစ်ခုပါရနေသည်။ရိုက်ကွင်းကနားရက်ရပေမယ့်ထိုအလုပ်ကတော့နားရက်မရခဲ့ဘူး။အခြားတော့မဟုတ်ဘူး။ညစဥွ်ညတိုင်းဘေးခြံကိုအတွဲချောင်းသွားသောရှောင်းကျန့်ကိုယ်ပေါ်ကိုခြင်ပြေးဆေးလူးပေးရတာနဲ့အဖျားမပျက်သေးတာကြောင့်အကိုက်အခဲပျောက်ဆေးချော့တိုက်ရတာပင်။တစ်ခါတစ်လေဒီအာလူးသီးကငဂျစ်လေးလုပ်ပြီးဆေးမသောက်ချင်ကြောင်းဂျီကျလိုက်သေးသည်။
" ကောကော မသောက်ချင်ပါဘူးဆို "
ကောင်းတယ်။သိပ်ကောင်းတယ်။ဂျစ်စရာချွဲစရာရှိရင်သူ့ကိုယ်သူကောကောဟုပြောတက်သေးသည်။သာမန်ချိန်တွေတော့မင်းနဲ့ငါပေါ့။
" ကျန့်ကောကအဖျားမှအရှင်းမပျောက်သေးတာ မဆိုးစမ်းနဲ့။ ပါးစပ်ဟ ... "
ရိပေါ်ကရှောင်းကျန့်နှုတ်ခမ်းကိုလက်နဲ့ဆွဲညစ်ပြီးပါးစပ်ကိုဟစေသည်။ဆေးကိုထည့်ပြီးပါးစပ်ကိုအတင်းစိပေးမှ"ရေပေး"လို့ပြောကာရေနဲ့မျှောပြီးမြိုချသည်။ဆေးကြောက်တာမျိုးမဟုတ်ပဲသက်သက်မဲ့ကိုရစ်တာ။အငယ်ဆုံးတွေအကျင့်ကဒီလိုပဲလား။
" တကယ်ပါပဲ ... ပျောက်နေပါပြီဆို "
"လက်ပေး ... ဆေးလိမ်းပေးမယ် "
ခြင်မကပ်နိုင်အောင်ဆေးလူးပေးဖို့လက်လေးတောင်းတာကိုမျက်နှာကြီးသုန်မှုန်ပြီးရှောင်းကျန့်ကသူ့လက်ကိုရိပေါ်ဆီထိုးပေးသည်။ရိပေါ်သိတယ်။ဒါခုနှစ်နာရီထိုးခါနီးနေပြီမို့ရိပေါ်အချိန်ဆွဲနေတယ်ထင်ပြီးအောင့်ဆောင့်နေတာ။
ရိပေါ် ခေါင်းကိုဖြည်းငြင်းစွာရမ်းကာရယ်သာရယ်နေလိုက်သည်။ဆေးလူးပြီးနောက်ကုတင်ပေါ်ကထကာဗီရိုဆီသွားပြီးလက်ရှည်တစ်ထည်သွားယူကာရှောင်းကျန့်ကိုဝတ်ပေးရသည်။
ကြယ်သီးပါဆွယ်တာဆိုတော့ထပ်ဝတ်ပေးပြီးရင်ဘတ်လုံအောင်ကြယ်သီးတက်ပေးရသည်။အခုနောက်ပိုင်းဒီအာလူးသီးကတအားဆိုးလာတယ်၊ချွဲလည်းချွဲလာတယ်။