အပိုင်း(၂၁)
နေမကောင်းဖြစ်နေသောရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်ကကြော်ငြာရိုက်ကွင်းကိုတောင်မန်နေဂျာနဲ့ပြောပြီးနှစ်ရက်တောင်ရက်ရွှေ့ထားရတယ်။နေမကောင်းလို့ရယ်လားမသိဘူး။ရှောင်းကျန့်ကစိတ်ဆတ်လာကာသေးသေးတင်မခံဖြစ်လာသည်။တစ်ခုခုဆိုရင်အရင်ဆုံးစိတ်ဆိုးစိတ်ကောက်သည်၊အဲ့ကတစ်ဆင့်တက်လာရင်တအီအီနဲ့ဂျီကျသည်၊နောက်ဆုံးအဆင့်ကရိပေါ်ကိုထုရိုက်လာသည်။ဝတ္ထုရေးတဲ့နောက်ပိုင်းစိတ်ကလည်းနုလာကာထစ်ခနဲရှိအလိုမကျရင်မကျသလိုကွေးနေအောင်ကောက်သေးသည်။
" ရှောင်းကျန့် လာထိုင်လေ ... ကိုယ်ချုံချင်းခေါက်ဆွဲပြုတ်ဝယ်ထားတယ်။orange juiceရောပဲ။မင်းအကြိုက်မလား။"
ထမင်းစားခန်းထဲကိုယိုင်တိုင်တိုင်နဲ့ဝင်လာတဲ့ရှောင်းကျန့်ကိုရိပေါ်ကခုံဆွဲယူပေးကာထိုင်စေသည်။အစကကိုယ်တိုင်အခန်းထဲသွားပို့မလို့ပဲ။သို့ပေမယ့်ဒီယုန်ဆိုးလေးကဒီထိရောက်လာမှတော့ပို့မနေတော့ဘူး။
" ပါးစပ်ထဲကခါးနေတယ်။ဘာဝါးဝါး ဖော့တုံးကြီးကိုက်နေရသလိုပဲ ...အရသာမရှိဘူး။ "
မျက်လုံးလေးဝံ့ရင်းညူစူစွာပြောလေတော့ရိပေါ်ကတစ်ချက်ရယ်လိုက်ပြီး
" ပါးစပ်မကောင်းလို့ပါ။များများစားပေး ခံတွင်းလိုက်လာလိမ့်မယ်။ "
ရှောင်းကျန့်လက်ထဲကိုတူလေးထည့်ပေးပြီးဝမ်ရိပေါ်ကဘေးမှာထိုင်ရင်းချုံချင်းခေါက်ဆွဲကိုထိုင်စားနေလိုက်သည်။အစပ်ကဲမှန်းသိပေမယ့်ခုလောက်ထိစပ်မယ်မထင်တာကြောင့်ပါးစပ်ထဲတရစပ်သွတ်သွင်းမိတဲ့ရိပေါ်မှာသီးသွားရသည်။
" ရေ ... ရေသောက်လိုက်ရော့ "
ရှောင်းကျန့်ကရေခရားထဲကရေကိုပြာပြာသလဲထည့်ပေးသည်။
" ရ ... ရတယ် "
နေမကောင်းဖြစ်နေတဲ့ရှောင်းကျန့် ထလုပ်ပေးနေရမှာမို့ရိပေါ်ကကိုယ်တိုင်ပဲထယူဖို့အတွက် တားလိုက်မိသည်။