အပိုင်း(၆)

15.1K 1.8K 98
                                    

ရွာမှာရှိသမျှအလုပ်တွေပစ်ထားခဲ့ရကာ တစ်မိသားစုလုံး
အငယ်ဆုံးလေး မင်္ဂလာပွဲလိုက်လာရတယ်
တော်ကြာ ကလေး အားငယ်နေမှဖြင့်
ရှန်ဟိုင်းရောက်သွားတာ တစ်ပတ်မပြည့်သေးပဲ
လင် ရသွားရတယ်လို့
ရသွားတာလည်းရိုးရိုးတောင်မဟုတ်
အာရှတိုက်ရဲ့ကြယ်ပွင့်လေး  ဝမ်ရိပေါ်တဲ့
ရွာမှာလည်း သတင်းကြားကြားချင်းအံ့သြကြလွန်းလို့
ကျန့်ကျန့် ကိုချီးကျူးသံတွေလှိုင်နေတာပဲ
ကျန့်ကျန့် ယောက်ျားက လွှတ်ချော ဆိုတာချည်းပဲ

ရှောင်မားတို့ရောက်လာတော့  ရိပေါ်ကသေချာဂရုစိုက်ပေးရှာတယ်
နားနားနေနေ နေဖို့ အခန်းစီစဉ်ပေးပြီး
ပြန်ထွက်မယ်အလုပ် ရိပေါ်ကိုရှောင်းမားကစကားပြောဖို့ခွင့်တောင်းလာတယ်
သားတော်မောင်ကတော့သူ့မောင်နှမတွေနဲ့အခန်းထဲအဖွဲ့ကျနေလေရဲ့
ရိပေါ်ကရှောင်းမားကိုလည်းရိုရိုကျိုးကျိုးဆက်ဆံနေတာမို့
သားမက်ကလေးကိုတောင်သနားသွားတယ်

" သားရေ တမျိုးတော့မထင်ပါနဲ့နော်
တစ်ခေါက်လောက်ပြန်စဉ်းစားပါဦးလား "

" ဗျာ "

" ကျန့်ကျန့် ကသား ထင်ထားတာထပ်ဆိုးတယ်နော်
သူ့အပေါ်ယံလေးကြည့်ပြီး စိတ်လိုက်မာန်ပါမဆုံးဖြတ်နဲ့
ကိုယ့်သားအကြောင်းကိုယ်သာသိရယ်
ကိုယ်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်နေပေမယ့်လည်း
သားက လူကောင်လေးမို့ အန်တီကသတိပေးချင်တာ "

" ဟုတ် ကျွန်တော်သေချာစဉ်းစားပြီးပါပြီ
ကျွန်တော် ကျန့်ကောကို သေချာစောင့်ရှောက်မှာပါ
အလိုလိုက်ပေး ချစ်ပေးမှာမို့အန်တီစိတ်မပူပါနဲ့ "

" အန်တီက သူ့စိတ်ပူတာမဟုတ်ဘူး
သားကိုပူတာ
သူက စိတ်လည်းကောက်တက်သေးတယ်
တကယ် ကလေကချေပါဆို
ဘာတစ်ခုမှမယ်မယ်ရရ မလုပ်တက်ဘူး
နောက် နောက်ပြီး … "

ရှောင်းကျန့် , တံခါးဝမှာမေမေတော့ သူ့အကြောင်းတွေ
ဖောက်သည်ချနေပြီဆိုတာသိသည်မို့အလျင်အမြန်တားရတယ်
အဓိက အချက်ကိုသိလို့မဖြစ်ဘူး

" မေမေ … လာနားလေ
ခဏနေ မင်္ဂလာပွဲစတော့မှာ လာ … လာ "

ရှောင်းကျန့် , မေမေ့ကိုအခန်းထဲဇွတ်သွင်းနေတာကြောင့် ရှောင်းမားစကားတွေရှေ့ဆက်မရ
ရိပေါ်လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး

Honey  Honey  Potato(Completed)Where stories live. Discover now