မနက်မိုးလင်းတော့ ရှောင်းကျန့်က အရင်ဆုံးထလိုက်တယ်။ခြေကားလက်ကားနဲ့အိပ်ပြီး အဖေဖြစ်သူရိပေါ်လည်ပင်းကို လက်တစ်ဖြင့်ဖက်ကာ တရူူးရူူးအိပ်နေသော ဝတုတ်ကောင် Libraလေးကိုအသည်းယားလာတာကြောင့် ဖင်လုံးလုံးလေးကို ရှောင်းကျန့် လက်လေးနဲ့သုံးလေးချက်လောက်ဆင့်ရိုက်လိုက်တယ်။ ပြီးနောက် သားကိုရော၊ယောကျ်ားကိုပါ ပါးနှစ်ဖက်လုံးကိုမွှေးကြူလိုက်တယ်။ပြီးနောက်အိပ်နေတဲ့သားဖကို မနှိုးတော့ပဲ အိမ်အောက်မှာပဲတကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတော့တယ်။
ဝမ်ရိပေါ် အိပ်ယာနှိုးတော့ ဘေးမှာ လန်လန်လေးသာရှိတော့တယ်။ လည်ပင်းပေါ်ရောက်နေတဲ့လန်လန်လက်လေးကို ခပ်ဖွဖွလေးဖယ်လိုက်တော့ ကလေးပေါက်စနကနိုးလာတယ်။
" စောသေးတယ် အိပ်အိပ် သားသား "
" အိပ်ရေး ဝပါပြီ ပါပါးရိပေါ်ရဲ့ "
Wang Libraကလက်ကလေးရမ်းကာသူ့ကိုချီပေးဖို့
ချွဲနေတာမို့ ရိပေါ်က နဖူးလေးကိုနမ်းပြီးကောက်ပွေ့လိုက်တယ်။ပြီးနောက် အောက်ထပ်ကိုဆင်းလာတယ်။ အိမ်အောက်မှာတော့ ရှောင်းကျန့်က မြေကျွင်းတူးကာ ထင်းမီးဖို လုပ်ရင်း ဘာတွေချက်နေတယ်မသိဘူး။ပွစိခက်နေတာပဲ။" အာ ... နိုးလာကြပြီပဲ။မျက်နှာသစ်ပြီးရင် ဒီကိုလာကူညီပေးကြ။ "
" အင်း "
ရိပေါ်က မြန်မြန်ဆန်ဆန်ပဲမျက်နှာသစ်ခြေလက်သန့်စင်တယ်။ပြီးနောက်ရှောင်းကျန့်ဘေးမှာ သွားကူညီပေးတယ်။ စကောတွေ၊ဗန်းတွေထဲမှာ ဟင်းသီးဟင်းရွက်၊အသားငါးအစုံအစိကိုထည့်ထားတာ။
" ကျန့်ကော ... ဒါတွေကဘာလုပ်ဖို့လဲ "
" ချက်ဖို့လေ။ ရွာရောက်တုန်းရောက်ခိုက်ငါ့လက်ရာလေးစားစေချင်လို့ ...ဟီး။သိပ်မချက်တက်ပေမယ့် စားရတာအရမ်းမဆိုးဘူးဆိုတာအာမခံတယ်။ ဒီလို လက်လက်ဆက်ဆက်နဲ့ခြံထဲကထွက်ထွက်ချင်းတွေကရွာမှာရောက်တုန်းပဲစားရတာကွ။ ကဲပါ ... ငါ့ကိုလာကူညီပေးကြ။ မိုးအုံ့နေတော့ မိုးရွာလာမှာဆိုးလို့။ "