5 years later,
" Wang Libra ... Wang Libra ... Wang Libra
သုံးခွန်းရှိပြီနော် ... လေးရရင်သတ်မှာနော်။ မြန်မြန်ထွက်ခဲ့။ "
ရှောင်းကျန့်ကအိပ်ယာသိမ်းရင်းလက်ကလည်းမနားရပါးစပ်မှလည်းတရစပ်ခေါ်နေရတယ်။ဒေါသသံနဲ့အတူWarningပါပေးမှသန့်စင်ခန်းထဲကထွက်လာတဲ့ကလေးပေါက်စလေး။လေးနှစ်ကျော်အကောင်ပေါက်ကအဆိုးလေးရယ်။လက်လေးတွေကဖုဖောင်းဝကစ်နေပြီးတုတ်တုတ်တိုတိုနဲ့ရုပ်ကရိပေါ်ငယ်ရုပ်ကိုမိတ္တူကူးထားတဲ့အတိုင်း။ခြေတံတိုတိုလေးတွေကမုန်လာဥလိုတိုတိုတုတ်တုတ်ကလေးတွေ။နို့ဗူးသောက်ပြီးသွားပိုးကစားနေသေးတာ။ရှေ့သွားတွေဆိုမပါသလောက်ပဲ။" ပါပါးရှောင်းကျန့် ... "
" ကျောင်းသွားရပါမယ်ဆိုအိမ်သာထဲအကြာကြီးဘာဝင်လုပ်နေတာလဲ။အီးစားနေတာလား။ ဒီနားလာ ... အဝတ်အစားလဲမယ်။ "
ရှောင်းကျန့်က Libraလက်လေးကိုဆွဲကာအနားခေါ်လိုက်ပြီးကျောင်းဝတ်စုံလဲပေးတယ်။ပြီးနောက်ဆံပင်ကိုဆီလိမ်း၊ခေါင်းဖြီးပေးတယ်။
" ပါပါးရှောင်းကျန့် လက်ကြီးကနံလိုက်တာ။လက်မဆေးထားဘူးလား။ "
ရှောင်းကျန့်လက်ငါးချောင်းကိုကွေးလိုက်ပြီးလန်လန်လေးခေါင်းကိုခေါက်လိုက်တယ်။လန်လန်လေးဆိုတာWang Libraရဲ့အိမ်နာမည်။တစ်အိမ်လုံးအော်ကြောလန်၊လက်လန်၊ပက်လက်လန်မို့လန်လန်လေးလို့ပေးထားတာ။အာလူးသီးကမွေးထားတာရှောက်သီးလေးရယ်။
" လူကြီးစကားမပြောနဲ့ ... ကျောင်းချိန်ကနီးနေပြီ။မနက်စာစားမယ်။ လာ .. ဒီကို .. "
ရှောင်းကျန့်ကလက်နှစ်ဖက်ကိုဆန့်တန်းပြီးခေါ်လိုက်တော့လန်လန်လေးကရှောင်းကျန့်ကိုယ်ပေါ်တက်လာသည်။ရှောင်းကျန့်,ကလေးကိုပွေ့ရင်းအောက်ထပ်ကထမင်းစားခန်းထဲဝင်လာသည်။
" အားလုံးပဲ မဂ်လာပါ။ မတွေ့ရတာကြာပြီ... ဟုတ်တယ်မလား ။ Morning ပါးပါးရိပေါ် ,ဘွားဘွားဝမ်ကျိုးရင်, ဘွားဘွားရင်း။ "
ရှောင်းကျန့်, လန်လန်လေးကိုခုံပေါ်ချပေးနေတုန်းထိုကလေးကတစ်အိမ်လုံးကိုလက်ဟန်ခြေဟန်နဲ့အကုန်နှုတ်ဆက်ပြီးနေပြီ။သွားပိုးစားနေတဲ့သွားတွေကိုဖြဲရင်းပြောနေတဲ့ကလေးစုတ်ကိုရိပေါ်ကသူ့ပေါင်ပေါ်ပွေ့ချီထားလိုက်တယ်။အဘွားလုပ်တဲ့သူကတော့ပါးလေးဖဲ့လိုက်နဲ့တရွှတ်ရွှတ်နမ်းနေတာ။