[Unicode]ဘွားဘွားကြီးကခြံထဲဆင်းလမ်းလျှောက်ချင်နေသည်မို့ရှောင်းကျန့်လိုက်ပို့ရင်းအဖော်ပြုပေးနေလိုက်သည်။နလန်ထခါစလူကြီးဆိုတော့ခဏလေးနဲ့တင်ပြန်မောလာတာကြောင့်ဧည့်ခန်းထဲပြန်တွဲပို့ရသေးသည်။ခြေသည်းလက်သည်းတွေရှည်နေတာကြောင့်ရှောင်းကျန့်ကစိတ်ရှည်လက်ရှည်ဖြင့်ညှပ်ပေးသည်။ဘွားဘွားကြီးကဆိုဖာပေါ်မှာ၊ရှောင်းကျန့်ကကြမ်းပေါ်မှာ။
" မြေးသားမက်ကလေး "
" ဗျာ "
" ရိပေါ်နဲ့အဆင်ပြေရဲ့လား။ရိပေါ်ကမင်းကိုဂရုကောစိုက်ရဲ့လား။ အဆင်မပြေတာ၊လိုအပ်တာဘာညာရှိရင်အဘွားကိုပြော။အဘွားကမင်းနဲ့စကားပြောချင်နေတာကြာပြီ။ကျန်းမာရေးမကောင်းတာနဲ့အခါအခွင့်မသင့်တာနဲ့မို့သာ။ "
ရှောင်းကျန့်က ဘွားဘွားကြီးလက်သည်းတွေကိုသေချာစွာအာရုံစိုက်ညှပ်ပေးနေရင်းမှ
" ဂရုစိုက်ပါတယ် ဘွားဘွားကြီးရဲ့။အဆင်လည်းပြေတယ်ရယ် ဟီး။ "
ချစ်စရာကောင်းအောင်ရယ်ပြနေသောရှောင်းကျန့်ခေါင်းလေးကိုဘွားဘွားကြီးကအသာအယာပုတ်ပေးလေတယ်။ဒီကလေးကတကယ်ကိုချစ်မွှေးပါတယ်။အပြုံးလေးကိုကအမောပြေစေတယ်ဆိုတာမျိုး။
ကားသံကြားရပြီမို့ရိပေါ်ပြန်လာပြီဆိုတာရှောင်းကျန့်သိလိုက်တယ်။ဒီတစ်ခါကရိပေါ်တင်မကပဲအရင်တစ်နေ့ကရှောင်းကျန့်သိပ်အမြင်မကြည်တဲ့ဖေးဖေးပါ ပါလာသေးသည်။ဖေးဖေးရိပေါ်လက်မောင်းကိုချိတ်ထားကာတစ်ခုခုကိုအတင်းပူဆာနေဟန်ဆူဆောင့်နေသည်။
" နင်ကဟာ ... ငါမပြန်ခင်လေးတောင်ဂရုမစိုက်ချင်တော့ဘူးလား။ "
" ငါမအားပါဘူးဆို ... မေမေအိမ်မှာမရှိတုန်းငါဘွားဘွားကြီးကိုဂရုစိုက်ရဦးမှာ။ဒီလိုလုပ် ..
နင်ဒီနေ့ငါ့အိမ်မှာနေလေ။ညကျမှငါညစာလိုက်ကျွေးမယ်။ "ဒီတော့မှဖေးဖေးကခေါင်းတဆက်ဆက်ငြိမ့်ပြကာအလိုကျသွားသည်။ရှောင်းကျန့်ကဘွားဘွားကြီးကိုလက်သည်းတိပေးနေရင်းမှခပ်ချဉ်ချဉ်ဖြင့်နှုတ်ခမ်းကိုရွဲ့လိုက်သေးသည်။ဒီအနန့်မနဲ့တနေကုန်ဘယ်လိုတောင်နှစ်ပါးသွားရမလဲ။