အပိုင်း(၅)

15.3K 2K 261
                                    

ရှောင်းကျန့် အခန်းထဲထိ ရိပေါ်လိုက်ဝင်လာခဲ့ကာ
ရေစိုနေတဲ့ဆံပင်တွေကို တဘက်တစ်ထည်ယူကာသေချာ
သုတ်ပေးတယ်
အပေါ်ပိုင်းအကျီင်္ဗလာဖြစ်နေတာကြောင့်အကြည့်တွေကိုတော့လွှဲထားရတယ်
ကြာကြာကြည့်မိရင်မလွယ်ဘူးလေ

Ring  Ring  Ring

ရိပေါ် ဘောင်းဘီအိပ်ကပ်ထဲကဖုန်းသံကြားတာကြောင့်
ရှောင်းကျန့်ကို ရေသုတ်ပေးတာရပ်လိုက်ပြီးဖုန်းထုတ်ကိုင်လိုက်တယ်
Contactကိုကြည့်လိုက်တော့ရိပေါ်နဲ့အခုသတင်းထွက်နေတဲ့ရှန်းရှန်း

" Hello  ရှန်းရှန်း "

" အင်း ရိပေါ် စကားပြောချင်လို့ခဏလောက်အချိန်ရမလား နင်နဲ့ငါ့ကိစ္စလေးနည်းနည်းပြောချင်လို့
နေ့လည်ခင်းတွေ့ဖို့အဆင်မပြေတာနင်သိပါတယ်
သတင်းကဒီလောက်ထွက်နေတော့ ဖုန်းထဲမှာပြောလို့
ပြီးမယ့်ကိစ္စလည်းမဟုတ်ဘူးလေ
အဲ့ဒါ … Hotelကိုလာနိုင်မလား
ငါကြိုရောက်နှင့်နေမှာမို့နင်ရုပ်ဖျတ်လာလိုက်ရင်
ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး "

" အင်း … ငါလာခဲ့မယ်လေ
ဒါပဲနော် "

ရိပေါ် ဖုန်းပြောတာကိုရှောင်းကျန့်နားစွန့်နေလိုက်တယ်
သူက ဘယ်သူနဲ့သွားတွေ့မှာလဲ
ဒီအချိန်ကြီး တစ်ယောက်ထဲစိတ်မချပါဘူး

" ငါအပြင်သွားလိုက်ဦးမယ်
လိုက်ခဲ့ချင်လား "

ရိပေါ် ဆီကမထင်မှတ်ထားတဲ့စကားကြောင့်ရှောင်းကျန့်
ခေါင်းကိုတဆက်ဆက်ငြိမ့်ပြတယ်

" လိုက်မယ် လိုက်မယ် "

" အဝတ်အစားမြန်မြန်လဲ သွားစို့ "

တစ်ဖက်မှရှန်းရှန်းလည်းပြုံးနေသလို ထိုအပြုံးနဲ့
အဓိပ္ပာယ်တူသည့်အပြုံးဖြင့်ရိပေါ်လည်းပြုံးနေတယ်
အချစ်ဆိုတာဦးရာလူကဖူးစာရှင်ပဲ

*********************

ရိပေါ် အပေါ်ကုတ်အကျီင်္အရှည်ထပ်ဝတ်ကာ
Maskအမဲတက်လိုက်ပြီး ဦးထုပ်ကိုငိုက်စောင်းထားလိုက်တယ်
ဘေးကရှောင်းကျန့်ကတော့အူလည်လည်နဲ့ရိပေါ်ဘေးကပ်ကာHotelထဲလိုက်လာရတယ်
ရိပေါ်Receptionမှာအခန်းနံပါတ်မေးပြီးရှောင်းကျန့်လက်ကိုဆွဲကာရှန်းရှန်းနဲ့တွေ့ဖို့လာခဲ့တယ်

Honey  Honey  Potato(Completed)Where stories live. Discover now