မောင်နှမတွေလည်းစုံတုန်းစုံခိုက်ဖြစ်နေတာမို့ ရှောင်းကျန့်က အစ်ကိုတွေအမတွေကြားမှာ ကလေးတစ်ယောက်သဖွယ် ပြုံးပျော်နေသည်။ညဥ့်တစ်နာရီကျော်သွားပေမယ့် စကားကောင်းနေတာကြောင့် ဖြတ်မရဖြစ်နေသည်။ အကုန်လုံးကပြောစရာတွေ မကုန်သည့်နှယ် အချိန်နာရီတွေကို ဂရုမစိုက်မိပါ။ရိပေါ်လည်း တော်တော်ပင်ပန်းပြီး နားချင်နေပြီဖြစ်ပေမယ့် ဘေးကအာလူးသီး ပြုံးပျော်နေတာမြင်တော့ အိပ်ဖို့လည်းသတိမပေးဖြစ်ပေ။ လန်လန်ကတော့ ရိပေါ်ရင်ခွင်ထဲကနေ ငိုက်နေပြီ။
" အငယ်လေး ... မင်းယောကျ်ားနဲ့ကလေးက အိပ်ချင်နေပြီထင်တယ်။စကားကောင်းနေတာနဲ့နောက်ကျနေပြီ။ သွားသွား ... သွားနားချည်တော့။ဒီမှာသော့။ အနောက်ဘက်က အခင်းထဲကအိမ်မှာသွားအိပ်ချည်။ဒီမှာကမောင်နှမတွေအကုန်ရောက်နေတာမို့ အခန်းမလောက်ဘူးဖြစ်နေတာ။ မင်းတို့သားဖတွေ အဲ့ဒီအိမ်မှာပဲ အိပ်ကြတော့။ "
ရွှမ်လုက စကားကောင်းနေတဲ့မောင်နှမတွေကြားထဲ စကားဖြတ်ပြောလိုက်တယ်။ တူတော်မောင်လေးက သူ့ပါပါးရင်ခွင်ထဲမှာ ပါးဖောင်းဖောင်းကြီးတွေကနေ သွားရည်တွေ စီးကျရင်း ငိုက်မြည်းနေပြီ။ ရှောင်းကျန့်လည်း မောင်နှမတွေကြားထဲအလွမ်းသယ်ချင်ပေမယ့် ကလေးကအိပ်ပျော်နေပြီမို့ သက်တောင့်သက်သာဖြစ်အောင် အနောက်ဘက်အခင်းထဲကအိမ်ကိုပဲသွားလိုက်တယ်။
" မင်း ဖုန်းမီးပြလိုက်လေ။ ငါကလေးချီလိုက်မယ်။ "
ခရီးတစ်လျှောက်လုံးနီးပါးကားမောင်းဘာရတဲ့ရိပေါ်ကို မီးပဲပ့ခိုင်းလိုက်ကာ ရှောင်းကျန့်က Wang Libraကိုပွေ့လိုက်တယ်။မကြာခင်မှာပဲ အခင်းထဲကအိမ်ရောက်လာတယ်။ ခြေတံရှည်အိမ်ဖြစ်တာမို့ အောက်ထပ်ကအလွတ်ဖြစ်ကာ အပေါ်ထပ်တင်ပါသော တစ်ထပ်အိမ်လေး။ရိပေါ်က ဖုန်းမီးကို အခန်းဘောင်ပေါ် တင်လိုက်ရင်း အဆင်သင့်ပို့ပေးထားတဲ့ အိပ်ယာကိုခင်းရသည်။ ပြီးနောက် ရှောင်းကျန့်က လန်လန်ကို အလည်မှာချသိပ်လိုက်သည်။လန်လန်နဖူးလေးကို တစ်ချက်မျှငုံ့နမ်းလိုက်ပြီး ရှောင်းကျန့်ကလန်လန်ရင်ဘတ်လေးကိုခပ်ဖွဖွလေးပုတ်ပေးကာ ဘေးမှဝင်လှဲလိုက်သည်။