တစ်နေကုန် ရှောင်းကျန့်ကမေမေနဲ့ အမျိုးတွေအိမ် ပက်လိုက်သွား၊ သားလေးက ဦးလေးတွေနဲ့အချိန်ကုန်၊ ရိပေါ်မှာသာ အိမ်မှာ ကျန်ခဲ့ရင်းတောင်ကြည့်မြောက်ကြည့်နဲ့ဘယ်မှသွားစရာမရှိတာ။ ညစာစားခါနီးမှ ပင်ပန်းပြီးအလျိုလျိုပြန်လာကြတဲ့ သားဖနှစ်ယောက်ကို ရိပေါ် အမြင်ကပ်နေပြီ။သို့ပေမယ့် ရွာရောက်တုန်းပျော်ပါစေဆိုပြီးပဲ စိတ်လေးကို တစ်ထစ်လျော့လိုက်တယ်။
ဒီနေ့ညတော့ အနောက်အခင်းထဲကအိမ်မှာ အဖော်အိပ်ပေးဖို့ ကျိုးချန်နဲ့ ဟောက်ရွှမ်းပါ ပါလာတယ်။ရှောင်းကျန့်က အိပ်ယာမဝင်ခင်ရိပေါ်နဲ့စကားပြောဖော်ရအောင် အစ်ကိုတွေကိုပင့်မလာရတာ။ဒီနေ့တစ်နေ့လုံးရိပေါ်ကို ပစ်ထားမိသလိုဖြစ်ထားတော့ ဖားရသေးတယ်လေ။
ခြေတံရှည် အိမ်အောက်က ကွပ်ပျစ်မှာပဲ အကုန်စုထိုင်ရင်း စကားစမြည်ပြောဖြစ်ကြတယ်။ ရိပေါ်ရဲ့အနုပညာအလုပ်အကြောင်း၊ ဘယ်မင်းသမီးက အပြင်မှာချောလား၊ ရည်းစားရှိလား ဘာညာမေးကြတာ။ မီးအိမ်လေးသာ ချိတ်ထားလိုက်တော့ ဝါကျင့်ကျင့် အလင်းရောင်လေးအောက်မှာ ယောက်ဖနှစ်ယောက်စကားပြောနေသော ရိပေါ်ကိုကြည့်ရတာ ရှောင်းကျန့်ရင်ထဲနွေးထွေးစေတယ်။ရိပေါ်လို့အရာရာပြည့်စုံတဲ့လူသားက ရှောင်းကျန့်တစ်မျက်နှာထဲနဲ့ ဘယ်သူနဲ့ဖြစ်ဖြစ်လိုက်လျောညီထွေဖြစ်အောင်နေတယ်။ဒီလိုမျိုး ဘာမှမပြည့်စုံတဲ့နေရာမှာလည်း ဟိုးတုန်းကတည်းက တစ်ချက်မှမညည်းညူပဲ နေထိုင်ရခက်ခဲကြောင်းလည်းမပြပဲ သင့်တင့်အောင်နေပေးတယ်။ဒီမှာက ဘာမှပြည့်စုံတာမဟုတ်ဘူး။
ရှောင်းကျန့်,ရိပေါ်မျက်နှာကိုငေးကြည့်ရင်းပြုံးလိုက်မိတယ်။ရိပေါ်လို့ လူမျိုးနဲ့အိမ်ထောင်ကျရတာ သိပ်ကံကောင်းတာပါပဲ။ မိမိကိုယ်တိုင်လည်း ယောကျ်ားလေးဖြစ်နေသည့်တိုင် ရိပေါ်က လိုလေးသေးမရှိဂရုစိုက်ပေးတယ်။ အသက်ခြောက်နှစ်နီးပါးပိုကြီးတဲ့ရှောင်းကျန့်ကစိတ်ဆိုးတိုင်းလည်း ကလေးကိုချော့သလို စိတ်ရှည်လက်ရှည်ချော့တက်သေးတယ်။