the death of a q̶u̶e̶e̶n̶bitch

22 1 0
                                    

epilogue

×

ငါဘယ်မှာလဲ?

ခေါင်းကလည်းတစ်ခုခုနဲ့ဆောင့်ထားသလိုမျိုးနာနေတယ်။

ကယ်ကြပါဦးလို့အော်ဖို့လည်း ပါးစပ်ထဲမှာအဝတ်စို့ခံထားရတယ်။

ကယ်ပါဦး ကယ်ကြပါဦး တစ်ယောက်လောက် ဘယ်သူပဲဖြစ်ဖြစ် ကယ်ပါဦး!!!!!

လက်လည်းလှုပ်လို့မရဘူး။

မျက်နှာပေါ်မှာလည်းကပ်စေးစေး-

ခြေသံ။ ခြေသံကြားတယ်! တစ်ယောက်ယောက်ငါ့ကိုလာကယ်တာပဲ!

ခြေသံက...ငါ့ရှေ့မှာရပ်သွားတယ်။

"စောက်ရမ်းအလုပ်ရှုပ်တာပဲနင်က"

ငါ့ကို...ကယ်မယ့်သူ...မဟုတ်ဘူးလား?

"လှုပ်လှုပ်ရှားရှားဖြစ်မှာစိုးလို့လည်း ကြိုးချည်ထားရတယ်။ အသံထွက်လာမှာစိုးလို့လည်း ပါးစပ်ပိတ်ထားရတယ်။ ပြောစမ်းပါဦး နင့်ပါးစပ်ထဲကအဝတ်ကိုထုတ်ပေးစေချင်လား?"

အဲ့လူရဲ့အသံကိုရင်းနှီး​နေသလိုပဲ။

မျက်ရည်​တွေကိုပုတ်ထုတ်ပြီး​သေချာကြည့်မိ​တော့ ငါနဲ့အနည်းငယ်ဆင်တဲ့မျက်နှာကငါ့ကိုကြည့်​နေတယ်။

Jungkook?

"အာ...ပါးစပ်ထဲကအဝတ်ထုတ်ပေးစေချင်ရင် တစ်ခုပြန်လုပ်ရမှာပေါ့။ သိတဲ့အတိုင်း Noona ကအော်တော့မှာလေ...ဆိုတော့...နင့်လျှာကိုဖြတ်လိုက်မယ်"

ဟင့်အင်း မလုပ်ပါနဲ့! ငါဘာများလုပ်မိလို့လဲ?! ပြီး​တော့ ငါကနင့်ရဲ့...နင့်ရဲ့အစ်မ​လေ!

"ထားပါတော့လေ ဘယ်လိုပဲဖြစ်‌ဖြစ်နောက်ဆုံးသေမှာပဲကို ငါကအလုပ်ရှုပ်မခံတော့ပါဘူး...​ကောင်း​ကောင်းသွားပါ​နော် Noona"

သေမယ်? ဘယ်သူလဲ? ငါလား? ငါ့ကို...ငါ့ကို-

အသက်ရှူကြပ်တယ်...ဘယ်တုန်းကစွပ်ထားမှန်းမသိတဲ့ လည်ပင်းကကြိုးကြောင့်အသက်ရှူကြပ်တယ်။

ပိတ်ထားတဲ့ ငါ့မျက်လုံးတွေက အနောက်ထဲကိုလန်သွားသလိုပဲ။ ရေအောက်ထဲကနေ ရေပေါ်ကိုတက်ရသလိုမျိုး ငါ့ခြေထောက်တွေကိုလှုပ်မိတယ်။

အရှေ့ အနောက် အရှေ့ အနောက်

ဒါပေမယ့် ဒါက...ရေကူးနေတာမှမဟုတ်တာ။

အရှေ့ အနောက် အရှေ့ အနောက်

ငါတဖြည်းဖြည်းနှေးလာတယ်။ နားထဲမှာအူနေတယ်။ လည်ပင်းကတင်းကြပ်နေတာကမလျော့သွားဘူး။ ပါးစပ်ထဲကအဝတ်ကလည်း ဒီအတိုင်းပဲ။

လူတစ်ယောက်သေရင် သူ့ရဲ့တစ်ဘဝစာလုံးကိုပြန်မြင်တယ်ဆိုတာက လိမ်တာပဲ။

ငါမြင်နေရတာ အမှောင်ထုကြီး။

ပြီးတော့ ဒီနေ့ ငါသေသွားတယ်

×

October 31 ရက်​နေ့ည . Halloween ပါတီကျင်းပ​နေချိန်တွင် ခဲ​ရောင်​မြေ​အောက်ခန်းထဲ၌ Jeon Yura သည် ​သေဆုံးခဲ့​လေသည်။ ပါတီပွဲကျင်းပ​နေ​သော အိမ်အ​ဟောင်းကြီးအပြင်တွင်ရှိ​သော မီးပုံထဲတွင် Jeon Yura ၏ ပန်း​ရောင် Diary စာအုပ်မှစာရွက်များကလည်း တစ်ရွက်ချင်းဆီ မီးပုံ၏ဝါးမြိုခြင်းကိုခံလိုက်ရ​လေ၏။

Halloween လကွယ်ညတွင် Jeon Yura နှင့်အတူ သူမသိထားသမျှတို့သည် အစရှာမရ​အောင်​ပျောက်ဆုံးသွားခဲ့ပါသည်။

FIN

×
စာရေးသူကတစ်ခါမှမသေဖူးတော့ လည်ပင်းကြိုးကွင်းစွပ်ခံရပြီးသေတာကိုရေးတဲ့နေရာမှာ အမှားပါနိုင်ပါတယ်နော်

×

🎉 You've finished reading † 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 † 🎉
† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †Where stories live. Discover now