0

34 1 0
                                    

သုံးရက်မြောက်နေ့။

Jeon Yura ကျောင်းကိုရောက်မလာတာ သုံးရက်ရှိသွားပြီ။ အမြဲတမ်းလိုလို သူ့သူငယ်ချင်းတွေနဲ့ စနောက်နေတတ်တဲ့ Jeon Yura ကျောင်းပျက်တယ်ဆိုတာ ခပ်ရှားရှားရယ်။

အခုတော့ဘာဖြစ်လို့များပါလိမ့်?

Mina တစ်ယောက် သူ့ခေါင်းကိုသူကုတ်လို့အတွေးနယ်ချဲ့နေမိတယ်။

ထိုအချိန်မှာပဲ...

ကျောင်းသားများအားလုံး Gym A ကို မိနစ်နှစ်ဆယ်အတွင်းရောက်အောင်လာပေးကြပါ။ ဆရာများအနေနဲ့ မိမိတို့အတန်းမှကျောင်းသားများ Gym A သို့ရောက်ရှိကြောင်းကို သတင်းပို့ပေးပါ။

ထပ်ပြောပါမယ်ကျောင်းသားများအားလုံး Gym A ကို မိနစ်နှစ်ဆယ်အတွင်းရောက်အောင်လာပေးကြပါ။ ဆရာများအနေနဲ့ မိမိတို့အတန်းမှကျောင်းသားများ Gym A သို့ရောက်ရှိကြောင်းကို သတင်းပို့ပေးပါ။

အခန်းတိုင်းမှာတပ်ထားတဲ့ Intercom မှတစ်ဆင့် ကျောင်းအုပ်အသံဟာ ကျယ်လောင်စွာထွက်လို့လာတယ်။

တကယ်ပဲ ဘာများဖြစ်နေတာလဲ?

Gym A တွင်~

ထောင်ချီတဲ့ကျောင်းသားများရဲ့ တစ်ယောက်တစ်ပေါက်စကားပြောသံတွေက အဆက်မပြတ်။ မနက်အစောကြီးခေါ်ပြီး ဘာများပြောချင်တာလဲဆိုတဲ့ မေးခွန်းကတော့ စကားဝိုင်းသေးသေးလေးတွေကြားထဲမှာ အဖြေမဲ့နေဆဲ။

"အားလုံးပဲ တိတ်တိတ်လေးနေပေးကြပါ" ဆိုတဲ့ ကျောင်းအုပ်ရဲ့ အသံထွက်လာပြီးနောက် မီးခဲကိုရေနဲ့ငြှိမ်းလိုက်သလိုမျိုး အကုန်လုံးတိတ်ဆိတ်သွားကြတယ်။

"အားလုံးရဲ့စာသင်ချိန်ကိုဖြတ်ပြီး ဒီကိုခေါ်ရတဲ့အတွက်အရင်ဆုံးတောင်းပန်ချင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာမပြောလို့မဖြစ်​တော့တဲ့အရာဖြစ်တာကြောင့် အားလုံးကနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်...

မင်းတို့အားလုံးရဲ့ သူငယ်ချင်းလည်းဖြစ် အတန်းဖော်လည်းဖြစ်တဲ့ Jeon Yura ကျောင်းကနေပျက်ကွက်ခဲ့တာ သုံးရက်ရှိသွားပါပြီ။ အဲ့ဒါကိုသိတဲ့သူလည်းရှိမယ် မသိတဲ့သူလည်းရှိနိုင်တယ်။ ဒါပေမယ့်...ဒီနေ့မနက်မှာပဲ ရဲစခန်းကနေဖုန်းဆက်လာပါတယ်။ Jeon Yura ဟာ သူ့အိမ်ကနေ ကျောင်းရောက်မလာတာမဟုတ်ပဲ သူ့အိမ်ကိုပြန်မရောက်လာပါဘူးတဲ့။ အဲ့ဒါကြောင့် ၄၈ နာရီပြည့်သွားပြီးတဲ့နောက်မှာ Jeon Yura ကို လူပျောက်စာရင်းထဲထည့်လိုက်ပါတယ်"

အာမေဋိတ်သံများနှင့်အတူ မယုံကြည်နိုင်သောမျက်နှာများက ကျောင်းသားတစ်ဦးချင်းဆီတွင် ပေါ်လွင်လျက်။ အားလုံးရဲ့ ဦးနှောက်ထဲမှာတော့ မေးခွန်းတစ်ခုဟာ ပဲ့တင်ထပ်လို့နေတယ်။

Jeon Yura ဘယ်မှာလဲ?

Mina ရဲ့ နားတွေအူသွားသလိုပဲ။ ကျွတ်ကျွတ်ညံနေတဲ့ အသံသေးသေးလေးတွေကိုရော ကျောင်းအုပ်ရဲ့ စကားကိုပါသူမကြားနိုင်တော့။ အသိပြန်ဝင်လာတဲ့အခါမှာသိလိုက်ရတာကတော့

"မနက်ဖြန်ကနေစပြီး ကျောင်းသားတစ်ဦးချင်းဆီကို ရဲအရာရှိတွေက စစ်မေးမယ်" ဆိုတာပါပဲ။

† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †Where stories live. Discover now