ကျောင်းအုပ်ကြီး၏ရုံးခန်းမှာ ရက်ပိုင်းအတွင်းမှာပင် သက်သေစစ်မေးခန်းလိုမျိုးပြောင်းလဲသွားခဲ့သည်။ ထိုင်ရတာ သက်တောင့်သက်သာမဖြစ်တဲ့ ထိုင်ခုံနဲ့ မှိုနံ့ကတော့ ယခင်အတိုင်းပင်။
"ကျောင်းသား နာမည်က?"
"Kim Namjoon ပါ"
"ကျောင်းသားက အဆင့်တစ်ကို ခဏခဏရထားတာပဲနော်။ ပြီးတော့ စာမလိုက်နိုင်တဲ့ကျောင်းသားတွေအတွက်လည်း tutor လုပ်ပေးသေးတယ်။ ကျောင်းရဲ့အားအကိုးရဆုံး တတိယနှစ်လို့တောင်ပြောရမလိုပဲ"
ချီးကျူးသလိုလိုနဲ့ အပြစ်ရှာချင်သလိုခံစားချက်မျိုး။ မင်းကအရာရာ perfect ဖြစ်နေတာပဲ...မင်းကပုံမှန်မဟုတ်ဘူးလို့ ပြောချင်နေတဲ့ပုံ။
"အဲ့လိုတော့လည်းမဟုတ်ပါဘူး။ ပုံမှန်စာကြိုးစားပြီး တတ်နိုင်တဲ့ဘက်က ကူညီတဲ့သဘောပါပဲ"
"Jeon Yura ကိုနောက်ဆုံးတွေ့ခဲ့တာဘယ်အချိန်ပါလဲ?"
"၂၉ ရက်နေ့လားမသိဘူး...လမကုန်ခင်ရက်ပိုင်းလေးပဲ။ မနက်ပိုင်းလာပြီး ကျွန်တော့်ကိုပြဿနာရှာသွားတာ"
"ဘာအကြောင်းနဲ့လဲ?"
"ကျွန်တော့်ရည်းစားက သူ့ကိုအနိုင်ကျင့်ပါတယ်ဆိုပြီးတော့ အော်ဟစ်နေတာ။ ကျွန်တော့်ကိုအတန်းရှေ့မှာပိတ်ပြီးပြောသွားတာပါ"
"အင်း...ပျောက်ဆုံးသွားတဲ့ ကျောင်းသူ Jeon Yura နဲ့ရော ဘယ်လိုဆက်ဆံရေးမျိုးလဲ?"
"ရည်းစားဟောင်းပါ။ ကျွန်တော်နဲ့သူနဲ့က အကြာကြီးတော့မတွဲခဲ့ပေမယ့် လက်ရှိရည်းစားနဲ့မတွဲခင် သူနဲ့တွဲခဲ့ဖူးပါတယ်"
"ဘယ်လောက်ကြာကြာတွဲခဲ့တာပါလဲ?"
"၇လလောက်? အဲ့ဝန်းကျင်လောက်ပါပဲ"
"လက်ရှိရည်းစားနဲ့ရော Jeon Yura ရဲ့ဆက်ဆံရေးကဘယ်လိုအခြေအနေပါလဲ?"
Namjoon ရဲ့ အေးဆေးဖြစ်နေတဲ့ကိုယ်နေဟန်ထားက ရုတ်တရတ် တောင့်တင်းသွားလေ၏။
"ကြားဖူးပြီးလောက်ပြီဖြစ်ပေမယ့် Yura က Jin နဲ့မတည့်ပါဘူး။ ကျွန်တော်တို့လမ်းခွဲခဲ့ပြီးမှတွဲခဲ့တာပေမယ့် သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ကြည့်မရတဲ့ ဆက်ဆံရေးပါ"
"အဲ့ဒါဆို Jeon Yura နဲ့ Kim Seokjin က ရန်သူတွေလိုမျိုးလို့ယူဆလို့ရတာပေါ့?"
တကယ်ကိုပဲ...စိတ်ကုန်စရာကောင်းလိုက်တာ။
"ပြောရရင် Yura က ရန်သူများတယ်ခင်ဗျ။ သူ့ကိုကြည့်မရတဲ့သူရော ရန်ဖြစ်ဖူးတဲ့သူရော အများကြီးပဲ။ ရန်သူတွေဆိုပြီးသာသတ်မှတ်ပြီး သံသယရှိသူစာရင်းထဲထည့်လိုက်ရင် ကျောင်းအုပ်ကြီးတောင်လွတ်မယ်မထင်ဘူး"
Park Sunghoon အနည်းငယ်မျက်လုံးပြူးချင်သွားသည်။ ဒီကျောင်းသားပုံစံက အေးဆေးနေတတ်ပြီး ထက်မြတ်လွန်းနေတော့ စစ်မေးရသူပင်အသက်ရှူကြပ်လာသလိုလို။
Park Sunghoon ၏နောက်မေးခွန်းတစ်ခုမစခင်မှာပင် Kim Namjoon ဆီမှစကားသံထွက်လာလေသည်။
"ခင်ဗျားတို့ Yura နဲ့မတည့်တဲ့သူတွေကိုမေးမယ့်အစား သူ့ကို Stalk လောက်တဲ့သူတွေကိုမေးကြည့်ပါလား? ကျောင်းကကလေးတွေက သူ့ကိုကြည့်မရရင်သာကြည့်မရမှာ သူပျောက်အောင်လုပ်ရလောက်အောင်တော့ မလုပ်ရဲကြဘူး"
"မင်းကရော?"
Namjoon ခပ်ဖွဖွရယ်မိသည်။
"ကျွန်တော်က Jeon Yura နဲ့လုံးဝကိုပတ်သတ်ချင်စိတ်မရှိတာ။ ပြီးတော့ သူ့ပြဿနာတွေထဲဝင်ရလောက်အောင် အာရုံမလာဘူး...မေးစရာမရှိတော့ရင် ဒီလောက်နဲ့ပဲ...ကျွန်တော် Tutor ပြဖို့ရှိသေးတယ်"
"နောက်ဆုံးမေးခွန်းပါ။ ၃၁ရက်နေ့က ဘယ်မှာရှိနေခဲ့တာပါလဲ?"
"ကျွန်တော့်ကောင်လေးအိမ်မှာပါ။ ၁ရက်နေ့ နေ့လည်ပိုင်းလောက်မှ သူ့အိမ်ကပြန်ဖြစ်တာ"
"ကျေးဇူးတင်ပါတယ်။ သွားလို့ရပါပြီ ကျောင်းသား"
ကျန်နေခဲ့သော စုံထောက်များကိုလှည့်မကြည့်ပဲ Kim Namjoon ရုံးခန်းထဲကထွက်လာခဲ့သည်။ ကျောင်းအုပ်ရုံးခန်းမှာသီးသန့်ဖြစ်နေသောကြောင့် ပတ်ဝန်းကျင်မှာတိတ်ဆိတ်လျက်။ အနီးရှိရေသန့်စက်အသံသည်သာ တစ်ဂျီဂျီဖြင့်ကျယ်လောင်နေသည်။
Kim Namjoon တပ်ထားသော မျက်မှန်ကိုချွတ်၍ မျက်လုံးများကိုပွတ်လိုက်သည်။ ပြီးနောက် မျက်မှောင်ကျုံ့လျက် တိုးသက်သောအသံဖြင့်ပြောမိသည်။
"ကျစ်.... ဒီကောင်မကတော့ လူမရှိတာတောင်စောက်ပြဿနာကရှာတုန်း"
¤

YOU ARE READING
† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †
Fanfictionတတိယနှစ်ကျောင်းသူတစ်ယောက်ရဲ့ပျောက်ဆုံးမှုကဒီအတိုင်းသမားရိုးကျမဟုတ်တဲ့အခါ.... Halloween Special for loves ♡