မနက်ခင်းဟာ မှိုင်းညှို့ညှို့နဲ့။ ရဲအရာရှိသုံးယောက်ကတော့ လူပျောက်မှုအတွက် ကျောင်းသားတွေကိုစစ်မေးနေကြပါတယ်။
"နာမည်?"
"Choi Yeonjun"
"ဘယ်နှစ်လဲ"
"တတိယနှစ် ပါ"
"Jeon Yura နဲ့ သိပါသလား?"
"အမ်...သိလားဆိုရင်တော့ သိတယ်။ဒါပေမယ့် ကျွန်တော်နဲ့အရမ်းခင်တာတော့မဟုတ်ဘူးရယ်"
"အဲ့ဒါဆို Jeon Yura ကိုကျောင်းကသူတွေကဘယ်လိုမြင်သလဲရော မေးခွင့်ရှိမလား?"
"အဟား....Jeon Yura...အဲ့တစ်ယောက်က ကျောင်းမှာလူမုန်းများတယ်လို့ပြောလို့ရတယ်။ သူ့ကိုသဘောကျတဲ့သူသိပ်မရှိဘူး။ သူနဲ့ပေါင်းတဲ့သူတွေတောင် သူ့ကိုအရမ်းခင်လို့ပေါင်းနေတာမဟုတ်ဘူး"
"ဘာဖြစ်လို့များလဲ?"
"ပြောရရင်သူက queen bee။ သူ့ကိုကျော်နိုင်တဲ့သူဆိုတာမရှိဘူးရယ်။ ကျွန်တော်တောင်သူတစ်ခါအနိုင်ကျင့်တာခံခဲ့ရသေးတယ်။ Junior year တုန်းက"
"ဪ...အဲ့လိုကိုး။ ဖြေပေးတာအတွက်ကျေးဇူးပါ"
-
"နာမည်"
"Bae Naeun"
"ဘယ်နှစ်မှာသင်နေတာပါလဲ?"
"တတိယနှစ် ပါ"
"Jeon Yura ရဲ့သူငယ်ချင်းဖြစ်သူလို့ကြားထားပါတယ်။ သူနဲ့ပတ်သက်ပြီးဘာများပြောပေးနိုင်မလဲ"
"Yura က...Yura ကိုလူတွေကသိပ်သဘောမကျကြဘူး။ တော်တော်များများက အခုတိတ်နေကြပေမယ့်...သူပျောက်သွားတာကို သိပ်ပြီးဝမ်းမနည်းကြဘူး။"
"အဲ့လူတွေထဲမှာရော Naeun ပါလား?"
"ရှင်! ကျွန်မက ...ကျွန်မကသူ့သူငယ်ချင်းပါ! ဘာလို့များအဲ့လိုဖြစ်ရမှာလဲ?! Kim Namjoon ဆိုရင်တော့မပြောတတ်-
"Kim Namjoon?"
"Yura ရဲ့ရည်းစားဟောင်း။ မနှစ်တည်းကပြတ်သွားပေမယ့် နှစ်ယောက်သားကကောင်းကောင်းပြတ်သွားတာမဟုတ်ဘူး။ သူ့ရဲ့အခုရည်းစားကလည်း Yura ကိုဆိုကြည့်မရတဲ့ပုံမျိုး"
-
"နာမည်?"
"Yoo Mina လို့ခေါ်ပါတယ်"
YOU ARE READING
† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †
Fanfictionတတိယနှစ်ကျောင်းသူတစ်ယောက်ရဲ့ပျောက်ဆုံးမှုကဒီအတိုင်းသမားရိုးကျမဟုတ်တဲ့အခါ.... Halloween Special for loves ♡