date - 29th, October <2 days before Halloween>
Jeon Jungkook တယောတီးနေရင်းဖြင့် အစ်မဖြစ်သူ၏အခန်းမှအသံကြောင့် တယောကိုဘေးချပြီး အခန်းထဲမှထွက်လာခဲ့သည်။ ပန်းရောင်ကြယ်များဖြင့်အလှဆင်ထားသော တံခါးနားအရောက်တွင် Jungkook တံခါးမခေါက်သေးပဲ တံခါးကိုနားဖြင့်ကပ်၍နားထောင်ကြည့်သည်။ စကားသံကတိုးနေပေမယ့် တစ်ခုခုကိုရှာနေသည်မှာအသေအချာ။
"ဘယ်ရောက်သွားလဲ!? ဘယ်နားမှာလဲ?"
"Noona...အဆင်ပြေရဲ့လား??"
အခန်းတွင်းမှလှုပ်ရှားသံများရပ်တန့်သွားပြီး တံခါးဆီသို့ကပ်လာသော ခြေသံများကို Jungkook ကြားလိုက်ရသည်။
"နင်လား?? ငါ့ပစ္စည်းကိုယူသွားတာနင်မလား!?"
"ဘာပစ္စည်းလဲ Noona?"
"ငါ့စာအုပ်လေ..ငါ့ပန်းရောင်စာအုပ်! နင်အိမ်ပြန်ရောက်တာက ငါ့ထက်စောတယ်မလား? ငါ့စာအုပ်ကိုပြန်ပေး!"
Jungkook အစ်မဖြစ်သူကိုကြည့်ရင်းသက်ပြင်းချမိသည်။ ဒီရက်ပိုင်းတွေမှာ သူ့အစ်မပိုပြီးကယောင်ခြောက်ခြားတွေဖြစ်နေသလိုပင်။ ကရုဏာသက်သော မျက်လုံးဝိုင်းကလေးများဖြင့် Jungkook သူ့အစ်မကိုကြည့်မိသည်။
"Noona...noona ရဲ့စာအုပ်ကိုကျွန်တော်မယူထားဘူး။ သေချာရှာကြည့်ဦးလေ။ ပြီးတော့ ဆေးရောပုံမှန်သောက်ဖြစ်ရဲ့လား? ညဘက်အိပ်ရေးပျက်နေတာလား? မျက်ကွင်းတွေညိုနေ-
ဖြန်း!!
ခပ်ရဲရဲလက်ရာနှင့်အတူ Jungkook ၏မျက်နှာမှာတစ်ဖက်သို့စောင်းသွားရသည်။
ဖြန်း!!
နောက်ထပ်ရိုက်သံတစ်ချက်ထွက်လာချိန်မှာတော့ ပါးကိုကိုင်ထားသူက Jeon Yuraပင်။
"Noona...ငါ့ပါးကိုမရိုက်နဲ့လို့ပြောထားတယ်မလား။ ဘာကိစ္စအရာအားလုံးကိုကျွန်တော့အပေါ်ပဲပုံချချင်နေရတာလဲ?"
"နင်ကတကယ် ဟန်ဆောင်ကောင်းတာပဲ။ လူတွေအမြင်မှာ သဘောကောင်းသလိုဟန်ဆောင်ပြီးတော့-
"အေး အဲ့တော့? ဘာဖြစ်လဲ?? ငါကဟန်ဆောင်တာမဟုတ်ဘူးလေ သိလား။ လူတွေမြင်ချင်တဲ့ပုံပြပေးရုံလေးပဲ။ Jeon Group ရဲ့ ကလေးနှစ်ယောက်မှာ တစ်ယောက်က အကျင့်မကောင်းပဲ အနိုင်ကျင့်တတ်တဲ့ပုံဖြစ်နေရင် နောက်တစ်ယောက်ကတော့ နှစ်လိုဖွယ်ကောင်းနေရမှာပေါ့...မဟုတ်ဘူးလား?"
YOU ARE READING
† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †
Fanfictionတတိယနှစ်ကျောင်းသူတစ်ယောက်ရဲ့ပျောက်ဆုံးမှုကဒီအတိုင်းသမားရိုးကျမဟုတ်တဲ့အခါ.... Halloween Special for loves ♡