2 - angel boy

17 2 0
                                    

Kim Seokjin ဟာ Jeon Yura ကိုကြည့်မရ။

အမြဲတမ်းလှောင်ပြုံးပြုံးတတ်တဲ့အဲ့‌တစ်ယောက်ကိုသူလုံးဝကြည့်မရပေ။

ဘေးကနေဖြတ်သွားတိုင်းခနဲ့သွားတာကိုရော၊ သူ့မျက်စိရှေ့မှာကန့်လန့်လာလာနေနေတာကိုရော၊ Namjoon ရဲ့ရည်းစားဟောင်းဖြစ်ခဲ့တာကိုရော ကြည့်မရ။ မသတီစရာကောင်းလွန်းသော Jeon Yura ပင်။

မသိရင် Seokjin ကသူ့ကိုမုန်းတယ်ထင်နေဦးမယ်။ တကယ်လည်းမုန်းသည်။ အခွင့်အရေးရရင် ဆံပင်တစ်မွှေးချင်းဆွဲနှုတ်ချင်ရလောက်အောင်မုန်းလေသည်။

အချင်းချင်းမုန်းကြတာတစ်ကျောင်းလုံးသိနေတော့ အခု Jeon Yura ပျောက်သွားတဲ့အခါ သံသယဝင်ကြတာက Seokjin ကိုပဲဖြစ်ပါတယ်။

"နာမည်က Kim Seokjin  ဟုတ်ပါတယ်နော်"

သိရဲ့သားနဲ့ဘာကိစ္စမေးနေတာလဲ ကျစ်...တကယ်အကုသိုလ်ပဲ!

"ဟုတ်ပါတယ်"

"Jeon Yura နဲ့ဆက်ဆံရေးအခြေအနေကဘယ်လိုလဲ သိခွင့်ရှိမလားဗျ?"

"သူကလည်း ကျွန်တော့်ကိုမုန်းတယ်။ ကျွန်တော်ကလည်းသူ့ဆို အကောင်းမမြင်နိုင်ဘူး။ အဲ့လိုဆက်ဆံရေးပါ"

"ဆက်ဆံရေးကမကောင်းတဲ့သဘောလို့ပြောလို့ရတာပေါ့နော်"

"ဟုတ်ပါတယ်။ သူကကျွန်တော့်ရည်းစားရဲ့ အရင်ရည်းစားဖြစ်ခဲ့ဖူးတာနဲ့တင် ကျွန်တော့်ကိုလာလာပြဿနာရှာနေတာပါ"

"ကြားရတာစိတ်မကောင်းစရာပဲနော်။ ဆိုတော့ သူ့ကိုနောက်ဆုံးတွေ့ခဲ့တာ ဘယ်အချိန်လောက်တုန်းကဖြစ်မလဲ?"

"အင်္ဂါနေ့? 28 ရက်နေ့လောက်ကဖြစ်မယ်။ သူ့ခေါင်းပေါ်ကိုအချိုရည်လောင်းချလိုက်တဲ့နေ့ပါ အဲ့နေ့က"

"Jeon Yura ရဲ့​ခေါင်း​ပေါ်ကိုအချိုရည်ဘာ​ကြောင့်​လောင်းချခဲ့ရတာပါလဲ?"

"ကျွန်​တော့်ကိုလာလာပြီး ပြဿနာရှာ​နေလို့ပါ။ Lunch Time မှာ အဲ့ကိစ္စဖြစ်ပြီး​တော့ပြန်သွားတယ်ထင်ရတာပဲ"

နင်ကသူများရည်းစားကိုလိုက်မြူဆွယ်မှရတဲ့အဆင့်ပဲ Kim Seokjin

† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †Where stories live. Discover now