ပြာလဲ့လဲ့ကျောက်ပြားတွေနဲ့ ညိုညစ်ညစ်ဘုတ်ပြားတွေ
ကလိုရင်းနံ့နဲ့ရေပြာပြာတွေအစား အမှိုက်တွေကဟိုတစ်စု သည်တစ်စုပြန့်ကျဲလို့နေသည်။ရေမကူးတော့တာတောင်အတော်ကြာပြီပဲကိုး....
Min Yoongi ခဲတံနှင့် sketchbook ကိုထုတ်ပြီးပုံကြမ်းခြစ်နေသည်။ ဘာပုံဆိုတာကတော့မသိရသေး။ ပါးစပ်ထဲတွင်လည်း သကြားလုံးတစ်လုံး။
"မင်းကဘာကိစ္စဒီကိုရောက်လာရပြန်တာလဲ?"
လှုပ်ရှားသက်ဝင်နေသောလက်ချောင်းများကရပ်တန့်သွားပြီး အသံပြုသူဆီသို့ကြည့်လိုက်သည်။
Jung Hoseok....အာရုံလာနောက်ပြန်ပြီ!
"ဘာလဲ...မင်းအဖေပိုင်တဲ့နေရာမို့လို့လား ငါကလာလို့မရ,ရအောင်?"
"ဒီနေရာကိုထပ်မလာနဲ့တော့လို့ ငါပြောထားတာကို မင်းကစောက်ဂရုမစိုက်တာလား!"
"ငါ့ဘာသာ ဘယ်သွားသွား မင်းလိုက်ပြီးပြဿနာရှာနေစရာအကြောင်းမရှိဘူး! ငါ့အထင်တော့ မင်းကသာ ငါ့ကိုလိုက်stalkနေသလိုမျိုးပဲ!ငါ့ကိုမျက်စိအောက်ကနေခဏလေးတောင်ပျောက်မသွားစေချင်ပုံပဲနော် Jung Hoseok"
ဘယ်တုန်းကအနားရောက်လာမှန်းမသိ Jung Hoseok သည် Min Yoongi ၏ အင်္ကျီစကိုဆွဲရင်းပြောသည်။
"စကားပြောတာကြည့်ပြော Min Yoongi! မင်းကဘာလို့ဒီကိုထပ်ရောက်လာရတာလဲ! မင်းကိုဒီနေရာကိုမလာနဲ့တော့လို့ပြောထားပြီးသားနော်"
ခွပ်
လက်သီးထိုးမိသံနှင့်အတူ Jung Hoseok ခြေနှစ်လှမ်းလောက်ဆုတ်သွားသည်။
"အေး...ငါမင်းအဖေမို့လို့ ဒီရောက်နေတာလေ! မင်းကရောဘာကောင်မို့လို့ ငါ့ကို ဟိုမသွားနဲ့ ဒီမသွားနဲ့ လာလာပြောနေတာလဲ? မင်းရည်းစားထင်နေလား?!"
"Min Yoongi! မင်း-
"ကျောင်းသားတို့ ရပ်လိုက်ပါ။ မဟုတ်ရင်ပိုင်နက်ကျူးကျော်မှုနဲ့ဖမ်းရပါလိမ့်မယ်။"
ကြားလိုက်ရသောအသံကြောင့် Jung Hoseok ပြုံးမိသည်။
တည့်တည့်ကြီးကိုဝင်တိုးတာပဲ ဒီလူတွေက...
နှစ်ဦးသား အင်္ကျီစကိုဆွဲရင်းလှည့်ကြည့်မိတော့ ယူနီဖောင်းဝတ်ထားသော အရာရှိနှစ်ဦး။
YOU ARE READING
† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †
Fanfictionတတိယနှစ်ကျောင်းသူတစ်ယောက်ရဲ့ပျောက်ဆုံးမှုကဒီအတိုင်းသမားရိုးကျမဟုတ်တဲ့အခါ.... Halloween Special for loves ♡