• jeon yura ³ •

6 1 0
                                    

မူးတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မူးတယ်....​​ခေါင်းထဲမှာရီ​ဝေ​ဝေနဲ့မူးတယ်။ ပြီးတော့ သူ့​ခြေ​ထောက်ကိုတစ်ခုခုကဆွဲထားသလိုမျိုးပဲ။

Jeon Yura ​လေးလံ​နေ​သောမျက်ခွံများကို ဖြည်းညင်းစွာဖွင့်မိသည်။ ဘယ်ဘက်မျက်လုံးက​တော့လုံးဝပွင့်မလာ။ ထိုင်ခုံတွင်ကြိုးတုပ်ခံထားရချိန်တုန်းက အထိုးခံလိုက်ရသည်ကိုသူမပြန်မြင်​ယောင်မိသည်။

အခုတစ်ခါ​ရော ဘာလုပ်ကြဦးမှာလဲ?

အရာရာဟာ​ဇောက်ထိုး။ သူမခုဏကထိုင်​နေသည့်ခုံကလည်း​ဇောက်ထိုး။ စားပွဲခုံကလည်း​ဇောက်ထိုး။

ကြိုးနှင့်​ဇောက်ထိုးအဆွဲခံထားရခြင်းပင်။

ခုဏကအာရုံမစိုက်မိ​​သော ​ထောင့်တစ်​နေရာတွင် ဆိုဖာခုံအ​ဟောင်းတစ်လုံးရှိ​နေသည်။ ထိုခုံ​ပေါ်တွင်​တော့ ​ခြေဆင်းကာထိုင်ပြီး ​ဆေးလိပ်​သောက်​နေ​သောလူတစ်ဦး။

"နိုးလာပြီပဲ"

သူမ၏​နောက်မှစကားသံကိုကြားလိုက်ရခြင်းပင်။ ပလတ်စတစ်အခင်း​ပေါ်ကိုဖြတ်သွား​သော​ခြေသံများက နားကိုအူ​စေသည်။ အလုံပိတ်ခန်းထဲတွင် ပလတ်စတစ်ခင်းထားသည်က သားသတ်ရုံနှင့်တူ​စေ၏။

" ဟိတ်....ငါ့ကိုကြည့်...မြင်ရလား?"

​ဝေဝါး​နေ​သောမျက်လုံးများက ထိုသူ၏ပုံကို​သေချာမမြင်ရ။ ဆံပင်အနက်​ရောင် ခပ်ပွပွနှင့် Jacket အင်္ကျီ။ ပါး​စောင်ထဲတွင်ထည့်ထား​သော စုပ်လုံး။ အသံကိုရင်းနှီး​နေ​ပေမယ့် ဘယ်သူလဲဆိုတာကို Jeon Yura ၏ ဦး​နှောက်ကချက်ချင်းအ​ဖြေမထုတ်နိုင်။

"အဟား....ကြည့်ပါဦး ​သွေးစုတ်​နေတာ...​Seokjin hyungက တစ်လီတာမှမချန်ခဲ့သလိုပဲ! ​ဟေ့ Jeon Yura နင် ငါတို့ပြီးတဲ့ထိ​တောင်ခံပါ့မလား?"

"​ခေါက်ခနဲ​သေသွားမယ်ထင်တယ်။ ဘယ်လိုလုပ်မလဲ Hoseok?"

"ထိုင်​နေ...ငါလုပ်လိုက်မယ်။ မင်းကငါ့​ဆေးလိပ်ကို​မွှေး​နေ​အောင်ငုံထား​ပေး"

စုပ်လုံးငုံထားသော​Min Yoongi၏ပါးစပ်ထဲမှ စုပ်လုံးသည် ​Jung Hoseok၏ပါးစပ်ထဲသို့​​ရောက်သွား၏။ ညည်းသံအချို့ပြုပြီး Jeon Yura ခန္ဓာကိုယ်ကို လှုပ်ရမ်းမိသည်။ ​ခေါင်းမူးရုံကလွဲပြီးဘာမှမထူး။

"နည်းနည်းချလိုက်"

စကားသံနှင့်အတူ Jeon Yura၏ရင်ဘတ်ထဲတွင်လှပ်ခနဲဖြစ်သွားရသည်။ သူမအား​အောက်သို့ချ​နေခြင်းပင်။ ဘာမှမ​ပြောနိုင်ခင်မှာပဲ သူမ၏နားရွက်ထဲသို့​ရေများဝင်လာ​လေသည်။

ငါ့ကို​ရေနှစ်​နေတာပဲ!!!

​ရေ​အောက်တွင်လူးလွန့်​နေပြီး မကြာခင် Jeon Yura ပြန်ပြီးအဆွဲတင်ခံလိုက်ရသည်။ ​

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်....

နာရီဝက်ခန့်အကြာတွင် ဘယ်နှ​ခေါက်​မြောက် ​ရေထဲအနှစ်ခံရပြီးဆွဲတင်ခံရသလဲဆိုတာသူမ,မမှတ်မိ​တော့။ မျက်လုံးများကိုဖွင့်ကြည့်မိ​တော့ သူမကို​စောင့်ကြည့်​နေသည်က ​ကောင်မ​လေးတစ်ဦး။

Jung Hana...Jung Hana ပဲ!

​ရေ​တတောက်​တောက်ကျ​နေလျက်သား Jung Hana က သူမကိုကြည့်ပြီး​ပြောသည်။

"​အေးတယ်မဟုတ်လား? မွန်းကြပ်တယ်မဟုတ်လား? Unnie ငါ့ကို​ရေနှစ်ခဲ့တုန်းကလည်း ငါအဲ့လိုပဲခံစားခဲ့ရတာ"

မျက်ရည်များလား ​ရေပဲလား ဆိုတာလည်းသူမ,မခွဲခြားနိုင်​တော့​ပေ။ ​ရေစက်များတွဲလဲခို​နေ​သောမျက်​တောင်ကြားမှ အ​ငွေ့ပြန်​သွား​သော Jung Hanaကိုကြည့်ရုံသာသူမတတ်နိုင်ခဲ့​လေသည်။

† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †Where stories live. Discover now