"နာမည်က?"
"Jeon Jungkook ပါ"
"Jeon Yura ရဲ့...?"
"မောင်ပါ။ မမနဲ့ ကျွန်တော်က လေးမိနစ်ပဲကွာပါတယ်"
"ဪ ဟုတ်ကဲ့။ Jeon Junkook အနေနဲ့ အစ်မဖြစ်သူနဲ့ ဆက်ဆံရေးဘယ်လိုရှိလဲ သိချင်ပါတယ်"
"မမက...ငယ်ငယ်တည်းက ကျွန်တော့်ကိုသိပ်သဘောမကျဘူး။ ကျွန်တော်ကတော့အမြဲလိုက်ပြီး သူလိုတာမှန်သမျှ တတ်နိုင်သလောက်လုပ်ပေးပေမယ့် မမကသိပ်ပြီး ကျွန်တော်နဲ့မရင်းနှီးပါဘူး"
"အင်း...အဲ့ဒါဆိုရင် အစ်မဖြစ်သူမှာရှိလောက်တဲ့ရန်သူတွေ မတည့်တဲ့သူတွေ ပြီးတော့ ထူးဆန်းတဲ့ stalker တွေမျိုးရောသိလား?"
"မတည့်တဲ့သူကတော့ ကျောင်းမှာမေးပြီးပြီဆိုသိလောက်မှာပါ။ တစ်ကျောင်းလုံးနီးပါးပဲ။ ကျွန်တော်ထင်တာကတော့ သူ့ကိုမနာလိုကြတာလို့ထင်တယ်။ နှစ်နှစ်ဆက်တိုက် Cheer Queen လည်းဖြစ်နေတော့လေ"
Jeon Jungkook အနည်းငယ်ငြိမ်ကျသွားပြီးစဥ်းစားသည်။ ထို့နောက်
"ထူးဆန်းတဲ့သူတွေလိုမျိုးဆိုတာက?"
"သူ့အနားမှာတွေ့နေရတတ်တဲ့သူမျိုးပေါ့။ သူ့ကိုထူးဆန်းတဲ့စာတွေ ပစ္စည်းတွေပေးတာမျိုး"
"ရှိတော့ရှိပေမယ့် ကျွန်တော်စိတ်ထင်တာပဲလားလို့။ ကောင်မလေးတစ်ယောက်ပဲ။ နေ့လည်စာစားချိန်ဆိုမမကအစားအသောက်စားတာနည်းတော့ ကျွန်တော်သတိထားမိနေတာ။ အဲဒီကောင်မလေးက မမကိုမျက်တောင်မခတ်တမ်းကြည့်ကြည့်နေတာပဲ။ နာမည်တော့မသိဘူး။ ကိုယ်ကတော့သေးသေးလေး ဆံပင်အတိလေးနဲ့"
"ဟုတ်ကဲ့ပါ။ ကျွန်တော်တို့တစ်ချက်မှတ်ထားလိုက်ပါမယ်။ ဒါနဲ့လေ အစ်မဖြစ်သူသွားလေ့ရှိတဲ့ သွားတတ်တဲ့နေရာတွေသိသလားခင်ဗျ"
"ရေကူးကန်အဟောင်းကြီးသိတယ်မလား။ သူ့သူငယ်ချင်းတွေနဲ့တော့အဲ့ကိုသွားသွားပြီးစုနေတတ်တယ်။ ဘာလို့လဲ?"
စုံထောက်နှစ်ဦးစလုံးဘာမှမပြောဖြစ်ကြ။
"မမကိုထွက်ပြေးသွားတယ်လို့ထင်နေကြတာလား?? ဘာလို့လဲ? မမကဘာကိစ္စထွက်ပြေးရမှာလဲ...ဒါမှမဟုတ်ကျွန်တော့်ကြောင့်များ-
"ကျွန်တော်တို့ကဖြစ်နိုင်ချေရှိတဲ့အရာတွေအကုန်လုံးစုစည်းရတာမို့ပါ။ Jeon Yura ထွက်ပြေးတာလား ပျောက်သွားတာလားကတော့ ခုချိန်ထိတပ်အပ်မပြောနိုင်သေးပါဘူးခင်ဗျ"
"နောက်ဆုံးမေးခွန်းမေးပါမယ်။ ၃၁ရက်နေ့ကဘယ်မှာရှိတာပါလဲ?"
"Halloween နေ့? အဲ့နေ့က မေမေအပြင်ကပြန်လာတော့မူးတယ်ဆိုလို့ ကျွန်တော်ပဲအအေးဖျော်တိုက်ပြီးအပေါ်တက်သွားတာ။ မေမေတစ်ယောက်တည်းမို့လို့ Halloween Party ဖိတ်ထားတာကိုဖျက်ပြီး အိမ်မှာပဲနေနေတာပါ"
"ဟုတ်ကဲ့ကျေးဇူးပါ"
ဒီအခန်းကိုသူယူမိတာကံကောင်းသည်။ စုံထောက်နှစ်ဦး ညအမှောင်ထဲတွင်ကားမောင်း၍ ခြံထဲမှထွက်သွားသည်ကို ရှင်းရှင်းလင်းလင်းမြင်ရသည်လေ။
"ဟယ်လို?"
"အင်းခုပဲပြန်သွားပြီ။ သူတို့ကမမကိုထွက်ပြေးတယ်ထင်နေတဲ့ပုံပဲ! တကယ်ကို ေ-
"သားဘယ်သူနဲ့ပြောနေတာလဲ?"
Jeon Jungkook ဖုန်းကိုချလိုက်ပြီး မိခင်ဖြစ်သူကိုပြုံးပြီးကြည့်လိုက်သည်။
"ဖေဖေနဲ့လေ။ စိတ်ပူနေမှာစိုးလို့သားဆက်လိုက်တယ် မေမေမဆက်နဲ့တော့။"
"ဟုတ်ပြီ သားလေး...အိပ်တော့လေ မနက်ဖြန်ကျောင်းသွားရဦးမှာ"
"အင်း"
မိခင်ဖြစ်သူနှင့်ပြောပြီးနောက် Jeon Jungkook အိပ်ရာဝင်ရန်ပြင်သည်။ မနက်ဖြန်လည်းကောင်းတဲ့နေ့လေးဖြစ်ဦးမှာပဲမလား...
YOU ARE READING
† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †
Fanfictionတတိယနှစ်ကျောင်းသူတစ်ယောက်ရဲ့ပျောက်ဆုံးမှုကဒီအတိုင်းသမားရိုးကျမဟုတ်တဲ့အခါ.... Halloween Special for loves ♡