Kim Seokjin က ငါ့ထက်ဘာများပိုသာနေလို့လဲ??? ပထမနှစ်တုန်းက ငါသဘောကျခဲ့တဲ့ တတိယနှစ်ကျောင်းသားအကိုကြီးကသူ့ကိုရွေးတယ်။ ဒုတိယနှစ်ကုန်ခါနီးကျတော့ Namjoon ကသူ့ကိုရွေးသွားတယ်။ ငါနဲ့တွဲခဲ့တဲ့ ၇လဆိုတာကဟန်ဆောင်ခဲ့တာလားလို့ထင်ရလောက်အောင် ငါ့အပေါ်မှာမရှိခဲ့ဖူးတဲ့နွေးထွေးမှုတွေကိုသူ့ကိုပေးတယ်။ သူကဘာကိစ္စငါ့ဆီကနေပဲလာလာလုယူနေရတာလဲ?!!! တတိယနှစ်မှာတော့ နင်ငါ့ဆီကနေဘာမှလုလို့မရစေရဘူး Kim Seokjin!!!
သူငါ့ဆီကနေမလုနိုင်တာဆိုလို့ Cheer Queen Crownပဲရှိတော့တယ်။ မုန်းတယ် မုန်းတယ်။ Kim Seokjin ကိုမုန်းတယ်။ လုံးဝဒီကျောင်းကိုရောက်မလာခဲ့ရင်ကောင်းမယ်။ သူသာရောက်မလာခဲ့ရင် ငါသဘောကျရတဲ့သူတွေလည်း သူ့ကိုရွေးခဲ့မှာမဟုတ်ဘူး။
---
ဒီရက်ပိုင်းတွေမှာ ငါကြောက်တယ်။ ထူးဆန်းတဲ့စာတွေကငါ့ရဲ့ Locker ထဲရောက်ရောက်နေတယ်။ အကောင်သေတွေရောပဲ! ကြွက်စုတ်မအတွက်ကြွက်တစ်ကောင်ဆိုပြီး သေနေတဲ့ကြွက်ကြီးကိုလည်း ငါ့ Locker ထဲတစ်ယောက်ယောက်ကထည့်သွားတယ်။ ပြီးတော့ ချိုအီအီရေမွှေးနံ့နဲ့ ပန်းရောင်စာအိတ်တွေ။ ထူးဆန်းတာက စာအိတ်ပေါ်ကရတဲ့ရေမွှေးနံ့က ငါသုံးနေတဲ့ ရေမွှေးနံ့နဲ့အတူတူပဲ။ငါ့ကို stalk နေတဲ့သူများရှိနေတာလား?!
---
Jung Hana ကငါ့ကိုညတိုင်းနှိပ်စက်နေတော့မှာထင်တယ်။ အမြဲတမ်း သူ့ရဲ့ရေစက်စက်ကျနေတဲ့ Cheer Uniform နဲ့ ဆံပင်ရေစိုကို ငါတရေးနိုးတိုင်းမြင်နေရတယ်။ ငါပြေးလို့လည်းမရဘူး! သူကငါ့တံခါးပေါက်ဝမှာအမြဲတမ်းရပ်ပြီး ငါ့ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေတာ။ အဲ့ဒီအကြောင်းကို ငါ့မိသားစုကိုပြောပြတာသူတို့ကမယုံကြဘူး။ ငါတစ်ခါပြောတိုင်း ငါသောက်ရတဲ့ဆေးကပိုတိုးလာတာပဲရှိတယ်။
Jung Hana ကအသက်ရှင်နေတုန်းမှာရော သေသွားပြီးတော့ရော ငါ့အတွက်အိပ်မက်ဆိုးပဲ!
---
Kim Namjoon က ဥာဏ်ကောင်းလွန်းတယ်။ အဆင့်တစ်ကျောင်းသား? ကျောင်းဂုဏ်ဆောင်လူတော်? စောက်ပိုတွေ!! သူ့ကိုလူတွေက ဥာဏ်ကောင်းပြီး ရိုးသားတဲ့ကျောင်းသားလို့ပဲလူတိုင်းကထင်နေတာ။ သူတို့ကိုမလှိမ့်တပတ်လုပ်နေတာဘယ်သူမှမသိကြဘူး။
YOU ARE READING
† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †
Fanfictionတတိယနှစ်ကျောင်းသူတစ်ယောက်ရဲ့ပျောက်ဆုံးမှုကဒီအတိုင်းသမားရိုးကျမဟုတ်တဲ့အခါ.... Halloween Special for loves ♡